တစ်ချိန်တုန်းက HTC မှာ အမှုဆောင် အရာရှိ အဆင့်နဲ့ လုပ်ကိုင်ခဲ့တဲ့ ၂ ဦးက ဗြိတိန်နိုင်ငံမှာ Kazam အမည်ရ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီ တစ်ခုကို စတင် တည်ထောင်ခဲ့ပါတယ်။ အရင်နှစ်တုန်းကမှ ဖြစ် ပါတယ်။ ယခုတော့ ဒုတိယမြောက် မျိုးဆက် စမတ်ဖုန်း ဖြစ်တဲ့ Thunder 2 ကိုတောင် မိတ်ဆက်နေပါပြီ။
ဥရောပ ဈေးကွက်ကို လွမ်းမိုးနိုင်ဖို့ အတွက် 4G enabled စမတ်ဖုန်း ဖြစ်အောင် ဖန်တီးထားကြောင်း သိရ ပါတယ်။ ၄.၅ လက်မ အရွယ် ဖုန်းနဲပ ၅ လက်မ အရွယ် ဖြစ်ပါတယ်။ ၄.၅ လက်မ အရွယ် စမတ်ဖုန်းက 1.2 GHz quad core processor ပါဝင်ပြီး RAM က 1GB ရှိပါတယ်။ Storage က 8GB ရှိပါတယ်။ screen resolution က 800×480 ရှိပါတယ်။ ကင်မရာက 8 megapixel ရှိပါတယ်။ Android 4.3 OS ကို အသုံးပြု ထား ပါတယ်။ ၅လက်မ အရွယ် ဗားရှင်း ကတော့ 1.3GHz quad core processor ကို အသုံးပြု ထားပြီး Storage 4GB ရှိပါတယ်။ 1920×720 resolution ရှိပြီး ကင်မရာက 13 Megapixel ရှိပါတယ်။ ရှေ့ကင်မရာ ကလည်း ထူးထူးခြားခြား 5 Megapixel ပါဝင် ပါတယ်။ Android 4.2 နဲ့ပဲ ထွက်ရှိတာ ဖြစ်ပါတယ်။
Kazam အနေနဲ့ အထက်ပါ Thunder 2 တင် မကပဲ Trooper 2 အမည်နဲ့ လည်း ဈေးသက်သာ စမတ်ဖုန်း ၄ မျိုးကိုလည်း ထုတ်ဖော်ပြသ အုံးမှာ ဖြစ် ပါတယ်။ Kazam အနေနဲ့ Thunder 2 နဲ့ Trooper 2 ကို Mobile World Congress မှာ ဝင်ရောက် ပြသမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:pocketlint
အောင်ခမ်း (smart.com.mm)
Ref:Smart Pro Journal

0 comments:

Post a Comment

 
Top