Latest News


Facebook အသုံးပြုသူတစ်ယောက် သေဆုံးသွားတာနဲ့  ဘာဖြစ်သွားမယ်ဆိုတဲ့ ပေါ်လစီကို Facebookက ပြောင်းခဲ့ပါတယ်။ ဒီနေ့ကစပြီး သက်ရှိထင်ရှားဖြစ်စဉ်က ထားခဲ့တဲ့ settingတွေအတိုင်း ဆက်လက်ရရှိပါတော့မယ်။ အရင်ကဆို သေဆုံးသူအမှတ်တရ page တွေကို သေဆုံးသူရဲ့ friend တွေကပဲ မြင်ရပါတယ်။

ဒီအပြောင်းအလဲတွေကို အသုံးပြုသူတွေနဲ့ တိုင်ပင်ညှိုနှိုင်းပြီးမှ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ facebookကပြောပါတယ်။

‘သူငယ်ချင်းတစ်ယောက်၊ မိသားစုဝင်တစ်ယောက်ရဲ့ သေဆုံးမှုဟာ ဆက်သွယ်လို့မရတဲ့ သူတချို့ကိုလည်း ၀မ်းနည်းကြေကွဲစေမှာ ဖြစ်ပြီး သူတို့ချစ်တဲ့သူရဲ့ Timelineကို အမှတ်တရအနေနဲ့ ထားရှိပေးဖို့ တောင်းဆိုလေ့ရှိကြတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက အဲ့ဒီ့အကြောင်း စဉ်းစားခဲ့ကြပြီး ချစ်တဲ့သူတွေကို အမှတ်ရနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖြစ်ခဲ့တယ်။
 
 အမှတ်တရ ကိစ္စတစ်ခုစီကို ဆက်ဆက်ပြီးစဉ်းစားကြည့်တဲ့အခါ မလွယ်ကူတဲ့မေးခွန်းတွေ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြန်မေးဖြစ်ခဲ့တယ်။ လူတွေက ဘယ်လိုခံစားကြလိမ့်မလဲ။ ဆုမွန်ကောင်းတွေ၊ သွားလေသူရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေနဲ့ပဲ ဂုဏ်ပြုရလေမလား။ ချစ်ခင်ရသူကို ဆုံးရှုံးသွားလို့ ၀မ်းနည်းကြေကွဲနေရသူတွေအတွက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြမလား။’ ဆိုပြီး facebook ကပြောခဲ့ပါတယ်။

Facebook team ဟာ သူတို့ရဲ့ ပေါ်လစီနဲ့ပတ်သက်ပြီး အံ့ဖွယ် အပြောင်းအလဲတစ်ရပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

‘ခုထိတော့ လူတစ်ယောက်ရဲ့ account ကို အမှတ်တရထားရှိမယ်ဆိုရင် friends-only မြင်နိုင်ဖို့ ကျွန်တော်တို့ ကန့်သတ်ထားတယ်။ ဖြစ်နေပုံကတော့ သေဆုံးသွားသူနဲ့ facebook မှာ friend မဖြစ်ထားခဲ့ရင် ဘယ်လိုမှ ၀င်မကြည့်နိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။ ဒီနေ့ကစပြီး ၀င်ရောက်ကြည့်ရှုနိုင်မှုနဲ့ပတ်သက်ပြီး ပြုပြင်သွားမှာပါ။ သေဆုံးသွားသူ page ကထားရှိတဲ့ privacy အရ အမှတ်တရ profileတွေကို ၀င်ကြည့်နိုင်တော့မှာပါ။ လူတစ်ယောက် သူ့ဘ၀မှာ လုပ်ခဲ့တဲ့ ရွေးချယ်မှုတွေကို ကျွန်တော်တို့ဟာ လေးစားပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ မြင်ရတဲ့အတိုင်း တခြားဝင်ရောက် ကြည့်ရှုချင်သူတွေကိုလည်း ၀င်ရောက်မြင်ခွင့်ပေးလိုက်ပါပြီ။” လို့ facebook team ကပြောပါတယ်။
 
Ref:dailymail.co.uk
 
Trend Myanmar

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top