အိမ်အဆင့်တောင် မရှိပါဘူး။ ဂိုထောင်ငယ်လေး တစ်ခုပါ။ Apple ရဲ့  ပထမဆုံး ကွန်ပြူတာကို တည်ဆောက်ဖို့အတွက် မွေးစားမိဘများက စတိဗ်ဂျော့ကို ပေးသုံးခဲ့တဲ့ ဂိုဒေါင် ဖြစ်ပါတယ်။ Apple ကွန်ပြူတာ စတင်ပေါ်ပေါက်သလို၊ Apple ကုမ္မဏီစတင် ပေါ်ပေါက် တဲ့နေရာလည်း ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က Lost Altos မြို့ မှာ ဖြစ်ပါတယ်။ Jobs နဲ့ Woniak ၂ ဦး ကွန်ပြူတာ စတင်လုပ်ပြီး ကျောင်းနေဖက် ကွန်ပြူတာ Geek များကို စုစည်းလို့ ပထမဆုံး ကွန်ပြူတာကို စလုပ်ပါတယ်။ ပင်ပန်းနေချိန် အပြင်မှာ နေပူဆာ ထွက်လုံပြီး လုပ်ငန်းရှင်တွေကို အိမ် ဧည့်ခန်းမှာ ခေါ်တွေ့ ပါတယ်။ ဒီတော့ စီးပွားရေး လုပ်ငန်းငယ် တစ်ခု ဖန်တီးတည်ဆောက်ဖို့အတွက် အိမ်အကြီးကြီးတွေ၊ ရုံးအခန်း အကြီးကြီး တွေ ရှိနေမှ မဟုတ်ကြောင့် Steve Job က ကောင်းကောင်းကြီး သက်သေ ပြသွား ပါတယ်။ ယခုဆိုရင် ယင်း ဂိုထောင်နဲ့ တွဲလျက် အိမ်ဟာ အမေရိကန်ရဲ့ အထင်ကရ သမိုင်းဝင် ပြတိုက် တစ်ခုအဖြစ် မှတ်ကျောက် တင်သွား ပါပြီ။ စတိဗ်ဂျော့ အသုံးပြုခဲ့တဲ့ ပစ္စည်းများကို ဒီတိုင်းပဲ တင်ထားပါတယ်။ Small Business စတင်မယ့်သူများအတွက် စတိဗ်ဂျော့ရဲ့ မွေးဖွားရာ အိမ် နဲ့ တွဲလျက် ဂိုထောင်က အဓိက သာဓက တစ်ခုလို ကျန်ရစ်စေခဲ့ ပါတယ်။
ကယ်လီဖိုးနီးယားက Apple မွေးဖွားရာ အိမ်ကလေး

0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.