fire 5
ယနေ့ စပိန်နိင်ငံ၊ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ MWC မှာ ပြသခဲ့တဲ့ ပြင်သစ် Alcatel's Fire E ဖုန်း ဖြစ်ပါတယ်။ Mozilla OS နဲ့ ဖြစ်ပြီး သေးသွယ် ကျစ်လစ်တဲ့ စမတ်ဖုန်းအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ မျက်နှာပြင် ၄.၅ လက်မ ရှိကာ dual -core run တဲ့အတွက် တံဆိပ်အသစ်တစ်ခု ကိုဈေးနှုန်းချိုချိုဖြင့် ၀ယ်ယူ သုံးချင်သော သူများအဖို့ အဆင်ပြေစေမှာပြီး ကင်မရာပိုင်းကို ဒီဂျစ်တယ် ကင်မရာ 5MP ကိုသုံးပြီး LED Flash တွေပါဝင်ပါတယ်။ HDR mode တွေအပြင် 4× ဒီဂျစ်တယ် ဇုန်တွေကိုပါ ရရှိမှာ ဖြစ်ပါတယ်။ ထိုအပြင် VGA အရှေ့ကင်မရာတွေပါ ပါဝင်လာတာတွေ့ရပါတယ်။ 4GB အတွင်းမှတ်ဥာဏ်ပါဝင်ကာ RAM အနေနဲ့ 512MB ဖြစ်ကာ အနည်းငယ်ပြောစရာရှိပါတယ်။ ဘတ္ဘရီ အစားလွန်စွာ သက်သာအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ဖုန်းအတွင်းရှိ အစိတ်အပိုင်းတွေကတော့ မိုဘိုင်း Firefox OS အတွက် ကောင်းကောင်း ချောမွတ်စွာ run နိင်ဖို့အတွက် အဆင်ပြေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ထို Alcatel's Fire E ကို ၂၀၁၄ နှစ်လယ်လောက်မှာ တစ်ကမ္ဘာလုံးဆီသို့ ရောင်းချနိင်အောင် မျှော်လင့်နေပြီး မကြာမီ အာရှ၊ ဥရောပ ဈေးကွက်တွေသို့ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ် 
Aung Heine ( www.smart.com.mm )

0 comments:

Post a Comment

 
Top