
တရုတ်
iPhone ဆိုတာ သက်သက် အမည်မဲ့ခေါ်ကြတာပါ။ အမှန်တော့ Xiaomi MI-3 က Android
စမတ်ဖုန်း ဖြစ်ပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံး အဆင့်မြင့် စမတ်ဖုန်း
စာရင်းထဲမှာ ပါဝင်လာပါတယ်။
အမေရိကန်ဒေါ်လာ ၃၁၀၊ ၄၁၀ အသုံးပြုရုံနဲ့ High End စမတ်ဖုန်း
ကိုင်ရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ။ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ
စတင်ရောင်းချတဲ့ စမတ်ဖုန်းဖြစ်ပြီး ဈေးကွက် ပျက်လောက်အောင် ရောင်းအား အင်မတန် ကောင်းနေပါတယ်။
မျက်နှာပြင်
၅ လက်မ အရွယ် ရှိပြီး Pixel Density က 441 ppi တောင် ရှိပါတယ်။ အတော်လေး
အရည်အသွေး ကောင်းတဲ့ မျက်နှာပြင်ပါ။ resolution က 1080×1920 တောင်
ရှိပါတယ်။
Body
144 x 73.6 x 8.1 mm (5.67 x 2.90 x 0.32 in) ရှိပြီး အလေးချိန်က ၁၄၅ ပေါင်ထဲ ဆိုတော့ ပေါ့ပေါ့းပါးပါး ဖုန်းပါပဲ။
Memory
16 GB, 64 GB ၂ မျိုးထုတ်ပြီး RAM က 2GB တောင် ရှိပါတယ်။
ကင်မရာ
13 Megapixel ကင်မရာကို အသုံးပြုထားပြီး ထူးခြားချက်က dual flash အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အမှောင်မှာ အတော်လေး အစွမ်းပြမယ့် ကင်မရာ ဖြစ်ပါတယ်။ ရှေ့ မှာ ကတော့ 2 MP ကင်မရာ ပါဝင် ပါသေးတယ်။
13 Megapixel ကင်မရာကို အသုံးပြုထားပြီး ထူးခြားချက်က dual flash အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အမှောင်မှာ အတော်လေး အစွမ်းပြမယ့် ကင်မရာ ဖြစ်ပါတယ်။ ရှေ့ မှာ ကတော့ 2 MP ကင်မရာ ပါဝင် ပါသေးတယ်။
Feature
Android 4.2.1 OS ထည့်သွင်းထားပြီး Processor က Quad Core 2.3 GHz ကို
အသုံးပြုထားခြင်း ဖြစ်ပါတယ်။ Chipset က Qualcomm Snapdragon 800 ဆိုတော့
လက်ရှိ Samsung Galaxy S4, LG G2 တို့နဲ့ မထူးမခြားနားပါပဲ။
GSM Network အတွက် ထုတ်လုပ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။
မိုင်ခရိုဆင်းကဒ်ပါ။ ဈေးနှုန်းက 16 GB အတွက် အမေရိကန်ဒေါ်လာ ၃၁၀ ဝန်းကျင်သာ
ကုန်ကျပြီး 64GB ဗားရှင်းက ၄၁၀ ရှိပါတယ်။ ၃ သိန်းခွဲ၊ ၄ သိန်းခွဲ
ဝန်းကျင်လောက်မြန်မာပြည်မှာ ပေါက်ဈေးရှိနိုင်ကြောင်း သိရပါတယ်။
Ref: Xiaomi
အောင်ခမ်း (www.smart.com.mm)
အောင်ခမ်း (www.smart.com.mm)
Ref:Smart Pro Journal
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.