ကဲ….. Xperia Z update firmware လည်းပေးလာပြီဆိုတော့ အဲ့ကောင်လေးကို
အမြစ်တူးဖို့ လည်းလိုလာပြီပေါ့ဗျာ……
ကဲ….လိုအပ်တာတွေဒေါင်းမယ်ဗျာ…….
CWM Install For Xperia Z.zip ( Download From Dropbox )
UPDATE-SuperSU-v1.86.zip ( Download From Dropbox )
ဒေါင်းလို့ ပြီးပြီဆိုရင်တော့ အရင်ဆုံး မိမိတို့ ဖုန်းကို Full Back up လုပ်ထားပါ
ပြီးရင် Bootloader ဖြည်ရပါမယ်ဗျာ…….
အဲ့အဆင့်တော့လူတိုင်းသိမယ် ထင်လို့ မပြောတော့ပါဘူးနော်
ပြီးရင် ဒေါင်းထားတဲ့ CWM ဖိုင်လေးကိုကွန်ပြူတာမှဖြည်လိုက်ပါ
ဖြည်ပြီးရင် ဖုန်းကို fastboot ခေါ်ပါမယ် ပါဝါပိတ်ပြီးရင် Vol Up and Power button လေးနှိပ်ပြီး
ကွန်ပြူတာမှာထိုးလိုက်ပါ အပြာရောင်လေး လင်းလာပြီး ကွန်ပြူတာမှာ ခုနကဖြည်ထားတဲ့
ဖိုင်ထဲကိုသွားပါ ပြီးနောက် Shift + Right Click နှိပ်ပြီး Open window commend here ဆိုတာနှိပ်လိုက်ပါ
ရိုက်ရမယ့် စာလုံးလေးတွေကတော့ fastboot devices ( ကွန်ပြူတာမှာ device ကိုသိအောင်ရိုက်တာပါ )
ကွန်ပြူတာသိပြီဆိုလျှင် fastboot flash boot boot.img ဆိုတာလေးရိုက်လိုက်ပါ
ကွန်ပြူတာက သူ့ ဟာသူ ဆက်အလုပ်လုပ်သွားပါလိမ့်မယ်ဗျာ….အားလုံးပြီးရင်
Update super su .zip ဖိုင်လေးကို SD Card ထဲထည့်ပြီး ဖုန်းကို CWM ကနေ သွင်းလိုက်ရင်
Super Su ဆိုပြီးပေါ်လာပြီး အမြစ်တူးလို့ ပြီးဆုံးပါပြီဗျာ……
CWM မခေါ်တတ်သူတွေ အတွက်ကတော့ ဖုန်းကို ပါဝါဖွင့်ပါ Sony Logo လေးပေါ်လာရင်
Vol Up ခလုတ်လေးကို ဆက်တိုက်နှိပ်ထားလိုက်ရင် CWM Clock work mode recovery ရောက်သွားပါလိမ့်မယ်ဗျာ…
အားလုံးအဆင်ပြေကြပါစေဗျာ………nyipaing159@gmail.com
http://myanmarmobilesharing.blogspot.com
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.