
အားလုံးမျှော်လင့်စောင့်စားလာခဲ့တဲ့ Samsung ရဲ့ Galaxy S5 ထွက်ရှိလို့
လာခဲ့ပါပြီ။ ဘာစီလိုနာမှာ ကျင်းပပြုလုပ်တဲ့ Mobile World Congress 2014
(MWC 2014) ပြပွဲရဲ့ ပထမနေ့မှာပဲ မိတ်ဆက်ခဲ့တာပါ။
Galaxy S5 မှာ ထူးထူးခြားခြား ဘာတွေပါလာသလဲဆိုရင် ရေအောက် ၃ ပေအနက်အထိ
ယူဆောင်ကာ မိနစ် ၃၀ ကြာ အထားခံနိုင်တဲ့ ရေစိုခံ၊ ဖုန်ဝင်ခံ
နည်းပညာပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာတော့ S4မှာသုံးထားတဲ့
13MP ကင်မရာအစား 16MP ကင်မရာကို သုံးပေးထားတယ်။
13MP ကင်မရာအစား 16MP ကင်မရာကို သုံးပေးထားတယ်။
ထူးခြားချက် နောက်တစ်ချက်အနေနဲ့ ဖုန်းမှာ Fingerprint နည်းပညာကို
ထည့်ပေါင်းထည့်ထားပါတယ်။ iPhone 5S မှာလို Fingerprint Scanner ကို Home
Button မှာ ထည့်ပေါင်းထည့်ထားခြင်းမျိုးမဟုတ်ဘဲ Touch မျက်နှာပြင်မှာ
အသုံးပြုရမှာပါ။ ဖုန်းကို Security ထိန်းတဲ့နေရာမှာလည်း Private Mode နဲ့
Kid Mode ဆိုပြီး ခွဲသုံးနိုင်သေးတယ်။ Fingerprint နဲ့ Mobile Payment
တွေအတွက် အသုံးချနိုင်ပါတယ်။
Galaxy S5 ရဲ့အဓိကကျတဲ့ အချက်တစ်ချက်က Power-saving mode ပါ။
Power-saving mode က ဖုန်းဘတ်ထရီနည်းနေတဲ့အခါ မလိုအပ်တဲ့ Feature တွေကို
ပိတ်ပစ်ပြီး ဖုန်းကို Black and White အဖြစ်ပြောင်းလဲ
ပေးသွားမှာပါ။ ဒီလိုပြောင်းလဲပေးတဲ့အတွက် ဘတ်ထရီအားက 10 % ပဲကျန်တာတောင် Stand by အနေနဲ့ထားမယ်ဆိုရင် ၂၄ နာရီအထားခံနိုင် တယ်လို့ဆိုပါတယ်။ အမှန်တကယ်ကို အသုံးဝင်တဲ့ Feature တစ်ခုပါပဲ။
ပေးသွားမှာပါ။ ဒီလိုပြောင်းလဲပေးတဲ့အတွက် ဘတ်ထရီအားက 10 % ပဲကျန်တာတောင် Stand by အနေနဲ့ထားမယ်ဆိုရင် ၂၄ နာရီအထားခံနိုင် တယ်လို့ဆိုပါတယ်။ အမှန်တကယ်ကို အသုံးဝင်တဲ့ Feature တစ်ခုပါပဲ။
နောက်တစ်ချက်က အနောက်ဘက် LED မီးရဲ့ဘေးနားမှာ သင့်နှလုံးခုန်နှုန်း
ကို တိုင်းတာပေးမယ့် Heart Rate Monitor တစ်ခု ပါဝင်ပါတယ်။ အဲဒီ Monitor ပေါ်ကို လက်ချောင်းတင်ပေးလိုက်ရုံနဲ့ S Health 3.0 app က အလိုအလျောက် အလုပ်လုပ်ပြီး သင့်နှလုံးခုန်နှုန်းကို တိုင်းတာပေးပါ
လိမ့်မယ်။
ကို တိုင်းတာပေးမယ့် Heart Rate Monitor တစ်ခု ပါဝင်ပါတယ်။ အဲဒီ Monitor ပေါ်ကို လက်ချောင်းတင်ပေးလိုက်ရုံနဲ့ S Health 3.0 app က အလိုအလျောက် အလုပ်လုပ်ပြီး သင့်နှလုံးခုန်နှုန်းကို တိုင်းတာပေးပါ
လိမ့်မယ်။
Galaxy S5 က ၅.၁ လက်မရှိပါတယ်။ ၅ လက်မရှိတဲ့ S4 ထက်တော့
မသိမသာကြီးပါတယ်။ ဒီဇိုင်းပုံစံကတော့ S4 နဲ့ ခပ်ဆင်ဆင်ပါပဲ။ Galaxy S5 ကို
အနက်၊ အဖြူ၊ ရွှေနဲ့ အပြာရောင်ဆိုပြီး အရောင်း (၄) မျိုး ထုတ်လုပ် ထားတာ
ဖြစ်ပါတယ်။
Samsung တာဝန်ရှိသူတစ်ဦးက Galaxy S5 အကြောင်း အသေးစိတ် ရှင်းလင်းတင်ပြချက်ကို နားဆင်လိုတယ်ဆိုရင်တော့
http://news.cnet.com/1606-2_3-50161880.html မှာ သွားရောက်
လေ့လာနိုင်ပါတယ်။ Galaxy S5 ရဲ့ အသစ်ဆန်းဆုံး Feature တွေ အကြောင်း အသေးစိတ်ရှင်းလင်းပြပေးထားပါတယ်။
လေ့လာနိုင်ပါတယ်။ Galaxy S5 ရဲ့ အသစ်ဆန်းဆုံး Feature တွေ အကြောင်း အသေးစိတ်ရှင်းလင်းပြပေးထားပါတယ်။
May Thazin (TSJ Team)
Ref & Credit: TechSpace Journal
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.