Alcatel
အပြားကြီးကြီးတွေနဲ့ Phablet တွေရဲ့ ခေတ်ထဲမှာ တစ်မူထူးခြားတဲ့ ဖုန်း ကို ပြင်သစ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Alcatel က ၂.၈ လက်မ/ရှိတဲ့ "wearable" စမတ်ဖုန်း Pop Fit နဲ့ ဖန်တီးလိုက်ပါတယ်။ 3G ဖုန်း တစ်လုံး ဖြစ်တဲ့ Pop fit ရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ သူက နောက်ကျောမှာ ပုံစံမျိုးစုံးရွေ့ပြောင်းနိင်တဲ့ Flip ကာဗာနဲ့ဖြစ်သည့် အတွက် လက်မှာ ပတ်သွားနိင်ပြီး အားကစားသမားတွေအတွက် အပြေးလေ့ကျင်းသူတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းနဲ့အတူ JBL နားကြပ်တစ်စုံကိုပါ ရရှိမှာ ဖြစ်ပါတယ်။ Specs အားဖြင့် 1GHz dual-core MediaTek chip ကိုသုံးထားပြီး ဘတ္တရီကလည်း လုံလောက်တဲ့ 1,000mAh ဘတ္တရီ အမျိုးအစားသုံးဖြစ်ပါတယ်။ Spes တွေအနေနဲ့ သိပ်ကြီး အကောင်းကြီး မဟုတ်ပေမဲ့ ပြင်သစ် brand ဖုန်းတစ်လုံးကို သုံးရမှာ ဖြစ်ပြီး ဈေးနှုန်းတွေမှာ သက်သာတာကိုတွေ့ရပါတယ်။ internal မှတ်ဥာဏ်ကတော့ 16GB or 32GB လာမှာ ဖြစ်ပြီး မေလလောက်မှာ ထွက်ရှိဖို့ မျှော်မှန်းရပါတယ်။  
Aung Heine ( www.smart.com.mm )

0 comments:

Post a Comment

 
Top