အော်ရီဒူးက ဆင်းမ်ကတ် စတင် ရောင်းချချိန်တွင် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့်
ဘဏ်ဝန်ဆောင်မှုများ ပေးမည့် Mobile Banking စနစ်နှင့် 3G စနစ်များ
ပါဝင်လာမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ် Ross
Cormack က ပြောကြားသည်။
“ဆင်းမ်ကတ် စရောင်းတဲ့ အချိန်မှာ ပြည်တွင်းဘဏ် Account ရှိသူတွေ
သုံးစွဲနိုင်မယ့် Mobile Banking စနစ် တစ်ပါတည်း ပါဝင်ပါမယ်။ 3G စနစ်နဲ့
စပေးမယ်။ Data ရော Voice ပါ တစ်ပါတည်း ပါမယ်” ဟု ၎င်းကဆိုသည်။
သို့သော် မိုဘိုင်းလ် ငွေပေးချေမှု စနစ်များမှာမူ ဆက်သွယ်ရေး နည်းဥပဒေ
ထွက်ရှိသည့် အချိန်ကို စောင့်ဆိုင်းပြီး ဆွေးနွေးမှုများ ထပ်မံ
ပြုလုပ်ရဦးမည် ဖြစ်ရာ ယခုနှစ်ကုန်ပိုင်းမှ စတင်နိုင်မည်ဟု ၎င်းကဆိုသည်။
အော်ရီဒူး ကုမ္ပဏီသည် ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ယခုနှစ်လယ်တွင်
စတင် ရောင်းချမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခ များကိုမူ ဆင်းမ်ကတ်များ စတင်
ရောင်းချမည့် အချိန်ကာလ နီးကပ်မှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း အဆိုပါ
ကုမ္ပဏီထံမှ သိရှိရသည်။
“ဒီအတိုင်းဆိုရင် ဘဏ် Account မရှိတဲ့သူတွေအတွက် ဒီ Mobile Banking
စနစ်က အသုံးမဝင်နိုင်ဘူး။ ပြည်တွင်းမှာ ဘဏ် Account ရှိတဲ့သူက ဘယ်နှယောက်
ရှိလို့လဲ။ တယ်လီနောက လုပ်မယ့် မိုဘိုင်းလ် ငွေလွှဲစနစ်ကို
ပိုစိတ်ဝင်စားတယ်” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ ဦးဇော်မင်းက ဆိုသည်။
တယ်လီနော ကုမ္ပဏီကလည်း မိုဘိုင်းလ်မှတစ်ဆင့် ငွေကြေး လွှဲပြောင်းသည့်
ဝန်ဆောင်မှုပေးရန် ပြင်ဆင်နေပြီး 2Gနှင့် 3G စနစ်များ ပါဝင်သော Sim Card
များကို လာမည့် ခြောက်လမှ ရှစ်လအတွင်း စတင် ရောင်းချသွားမည်ဟု ကြေညာထားသည်။
Ref & Credit: The Voice Weekly
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.