link 

နည်းနည်းတော့ ခေါင်းရူပ်သွားပြီးထင်တယ်။ သူမူရင်း operation စနစ်က Android ပါ။ သို့ပေမဲ့ Apple ရဲ့ iOS ပုံစံကို user ရဲ့ interface မှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ မိတ်ဆွေဟာ အမေရိကမှာ နေထိုင်နေတဲ့ သူတစ်ယောက်ဆိုရင်တော့ အဆိုပါ ဖုန်းကို ထုတ်လုပ်တဲ့ Meizu ကုမ္ပဏီကို ကြားဖူးနေမှာ ဖြစ်ပါတယ်။ တရုတ်ပြည် mainland နဲ့ ဟောင်ကောင်တွေမှာသာ ရောင်းချလေ့ရှိတဲ့ Meizu ဟာ ယခု တတိယမျိုးဆက်တစ်ခု ဖြစ်တဲ့ MX 3 ကို ကမ္ဘာ့ အနှံဆီကို ယူဆောင်လာခဲ့ပါတယ်။ ဟုတ်ပါတယ်.။ ပါးလျားလှတဲ့ အဆိုပါ MX3 ဟာ အစိတ်အပိုင်းတွေ ကိုကောင်းမွန်စွာ ပြုလုပ်ထားပြီး သူပိုင်ဆိုင်တဲ့ User's interface ကို ကြွားလုံးထုတ်ထားခဲ့ပါတယ်။ 4G ထောက်ပံပေးထားပြီး ဒေါ်လာ ခန့်မှန်းခြေ ၄၆၅ လောက်နဲ့ ၀ယ်ယူရရှိနိင်မှာ ဖြစ်ပါတယ်။
ဒီဇိုင်း
အရှေ့ဖက်က လုံးဝအမည်းဖြစ်ပြီး အစွန်းတွေက အနည်းငယ်ကွေးလျက် သဏ္ဍာန်ရှိပါတယ်။ အနောက်ဖက်ပိုင်းကိုတော့ ချောမွတ်မူရှိတဲ့ ပလတ်စတစ် အဖြူရောင်နဲ့ ပြုလုပ်ထားပြီး i Phone 3G, Galaxy S4, နဲ့ HTC Evo 4G LTE တွေကို ထည့်သွင်းပါဝင်ထားပါတယ်လို့ ဆိုပါတယ်။ အလေးချိန်မှာ ၅ အောင်စခန့်ရှိပြီး ပေါ့ပါးလှတာကိုတွေ့၇ပါတယ်။ LCD ၅.၁ လက်မ(1,800x1,080) သုံးထားပြီး အရောင်တောက်ပမူအားကို လုံလောက် စွာပေးထားပါတယ်။ အနောက်ဖက် ကျောဖက် ပလတ်စတစ် အသားအနေနဲ့ကတော့ ပြောစရာ အနည်းငယ်ရှိပါတယ်။
အစိတ်အပိုင်းများနဲ့ မျက်နှာပြင် interface
ပါဝါ ခလုတ်အနေနဲ့ ဖုန်းရဲ့ ထိပ်ဆုံးမှာ ဖြစ်ပြီး အသံအတိုးအချဲ့ကလည်း ဖုန်းရဲ့ ဘယ်ဖက်ထောင့်အစွန်းမှာ ဖြစ်ပါတယ်။ home Key အနေနဲ့ Screen ရဲ့ အောက်နားတွင် ၀ိုင်းသော ပုံစံအနေနဲ့ရှိပါတယ်။ ဗားရှင်းအနေနဲ့ကတော့ Android Jelly Bean ဖြစ်ပါတယ်။ Flyme OS လို့ခေါ်တဲ့ MX3 ရဲ့ OS က ထို Apple iOS ပုံစံလို ဖြစ်စေတာ ဖြစ်ပါတယ်။ ဖုန်းကို unlock ဖြစ်စေဖို့ အတွက် home key ကို အသာအယာ အပေါ်သို့ ဖိဆွဲယုံနဲ့ ပွင့်လာမှာ ဖြစ်ပြီး ပါဝါပိတ်ချင်ရင်တော့ ခဏကြာ ဖိထားရုံနဲ့တင် ပိတ်လို့ရမှာ ဖြစ်ပါတယ်။ သဘာဝ ကျတဲ့ အရောင်တွေနဲ့ ဖြစ်ပါတယ်။
ကင်မရာ
8 megapixel ဖြစ်ပါတယ်။ ပုံရိပ်တွေ ကို အသေအချာ Shot to shot ရိုက်ကူးနိင်စေပါတယ်။ Camera app ကလည်း သင့်ရဲ့ option တွေ Shooting mood တွေ၊ ကို အကောင်းဆုံးဖြစ်စေနိင်ပါတယ်။ သူမှာ HDR mode , Panorama, IOS နဲ့ manual ထိန်းချုပ်မူအတွက် လုပ်ဆောင်စရာတွေ ပါဝင်လို့ပါပဲ။ ဘာပဲပြောပြော Meizu ကတော့ အမေရိကန်ရဲ့ မိုဘိုင်း ဈေးကွက်ထဲကို ကောင်းမွန်ခိုင်ခံတဲ့ ဖော်ဆောင်မူတွေနဲ့ အတူ ၀င်ရောက် ထိုးဖောက်လာခဲ့ပါပြီ။ iOS စတိုင်နဲ့ Android ဖုန်းဆိုတော့ စိတ်ဝင်စားဖို့ ကောင်းမှာပါ။  
Aung Heine ( www.smart.com.mm )

0 comments:

Post a Comment

 
Top