.jpg)
မန္တလေးမြို့ရှိ မိုဘိုင်းအရောင်းဆိုင်များ၊ မိုဘိုင်းဖုန်းလိုင်းကတ် အရောင်းအဝယ်ပြုလုပ်သူများ၏ ပြောကြားချက်များအရ ယခုနောက်ပိုင်း မန္တလေးတွင် မိုဘိုင်းဖုန်းလိုင်းကတ်များ ပြင်ပပေါက်ဈေး ကျဆင်းလာလျက်ရှိကြောင်း သိရသည်။
ယခင်က ၂၀၁၄ ခုနှစ် ဇန်နဝါရီလအစအထိ ၁၅၀၀ ကျပ်တန် MEC ကတ်များမှာ ပြင်ပပေါက်ဈေး ရောင်းဈေးကျပ်တစ်သိန်းဝန်းကျင် ရှိခဲ့ရာမှ ယခုအခါတွင် ရောင်းဈေးမှာ ကျပ်ရှစ်သောင်းကျော်ဝန်းကျင်ခန့်သာ ရှိတော့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ၁၅၀၀ ကျပ်တန် GSM လိုင်းကတ်များကိုလည်း ဈေးနှုန်းကျပ်ကိုးသောင်းဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်ပြီး ၁၅၀၀ ကျပ်တန် WCDMA လိုင်းကတ်များကိုမူ ဈေးနှုန်းကျပ်တစ်သိန်းကျော်ခန့်ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရသည်။
ယခု နောက်ပိုင်း လိုင်းကတ်အရောင်းအဝယ် ပြုလုပ်နေသူများအနေဖြင့် ပြင်ပအရောင်းဆိုင်များထက် မန္တလေးမြို့မှ အရောင်းအဝယ်ဆိုင်ရာ ဖေ့(စ်)ဘုတ်စာမျက်နှာများမှတစ်ဆင့် ရောင်း/ ဝယ်ခြင်း ပိုမိုတွင်ကျယ်လာနေကြောင်း သိရသည်။ ပြင်ပပေါက်ဈေးများ ပိုမိုကျဆင်းလာနေသော်လည်း အရောင်းအဝယ်ပြုလုပ်မှုများမှာ ကျဆင်းမှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း Anycall မိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အပြင်ဆိုင်တွေမှာတော့ အရောင်းအဝယ် သိပ်မလုပ်ဖြစ်တော့ဘူး။ facebook မှာ တင်ပြီး ပြန်ရောင်းရင် အပြင်ဆိုင်တွေထက် တစ်သောင်းလောက် ဈေးပိုရပြီး ပြန်ဝယ်ရင်လည်း တစ်သောင်းလောက် ဈေးသက်သာနေတော့ နောက်ပိုင်းဆို facebook စာမျက်နှာတွေမှာပဲ ပိုပြီးအရောင်းအဝယ် ဝင်လုပ်ဖြစ်တော့တယ်” ဟု ပြင်ပမိုဘိုင်းလိုင်းကတ် အရောင်းအဝယ် အကျိုးဆောင်တစ်ဦးထံမှ သိရသည်။
ဈေးကွက်အတွင်းမှ အရောင်းဆိုင်များ၏ ပြောကြားချက်အရ ၁၅၀၀ တန် လိုင်းကတ်များမှာ ပြင်ပရောင်းဈေး ဝယ်ဈေးနှုန်းကျဆင်းလာနေပြီး GSM လိုင်းကတ်မှာ အနည်းငယ် အရောင်းအဝယ်ဖြစ်ကာ MEC 800MHz လိုင်းကတ်မှာမူ အရောင်းအဝယ်ပါးနေဆဲဖြစ်ကြောင်း သိရှိရသည်။
ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.