နေပြည်တော် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အမွှာမျှော်စင် အပေါ်ဆုံးထပ်တွင်ရှိသော Cafe' Paradise က ဆိုင်သစ်အဖြစ် ဖွင့်လှစ်လိုက်သည့် Double Heart Mini Mart
မှ နေပြည်တော်ရှိ ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများကို ဟန်းဆက်နှင့်
လက်ဝတ်ရတနာများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း
အဆိုပါဆိုင်မှ တာဝန်ရှိသူက စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါမီနီမတ်တွင် အလှပန်းအိုး၊ အလှပန်းပင်၊ လျှပ်စစ်ပစ္စည်းနှင့် အခြားလူသုံးကုန် စားသောက်ကုန်များ၊ လက်ဝတ်ရတနာနှင့် ဟန်းဆက်များအား ရောင်းချမည်ဖြစ်ပြီး ထိုအထဲမှ ဟန်းဆက်နှင့် လက်ဝတ်ရတနာများကို နေပြည်တော်ရှိ အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
“ဟန်းဆက်မှာကတော့ အဓိက လူသုံးများနေတဲ့ Huawei နဲ့ Samsung ဟန်းဆက်နှစ်မျိုးကိုပဲ အရစ်ကျစနစ်နဲ့ ရောင်းပေးမှာပါ။ အထက်လူကြီးက ထောက်ခံပေးမယ့်ဝန်ထမ်းတွေ ဝယ်ယူနိုင်ပါတယ်။ အရစ်ကျစနစ်ကတော့ ဝယ်ယူသူတွေရဲ့ ဝန်ထမ်းလစာပေါ်မူတည်ပြီး ညှိနှိုင်းရောင်းချပေးသွားမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အသေးစိတ်အချက်အလက် များကို Double Heart Mini Mart ဖုန်း- ၀၉-၄၉၅၇၃၀၀၂၊ ၀၉-၄၀၂၆၉၆၉၅၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။
ကျော်ဇေယျ၊ နေပြည်တော်

Internet Journal
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.