အခုတစ်ခါ windows 7 မှာ Connectify လိုဆော့ဝဲလ်တွေ မသုံးဘဲနဲ့ ကွန်ပျူတာမှာ ၀ိုင်ဖိုင် ပြန်လွှင့်နည်းလေးကို တင်ပြပေးပါမယ်။ အရင်ဆုံး Notepad လေးကိုဖွင့်လိုက်ပါ။
Win key+R ကိုနှိပ်ပြီး notepad လို့ ရိုက်ပါ။ notepad လေးကျလာပါလိမ့်မယ်။ ကျလာရင် အောက်က code လေးတွေကို copy ကူးထည့်လိုက်ပါ။
netsh wlan set hostednetwork
mode=allow ssid=FreeWIFI
key=12345
netsh wlan start hostednetwork
ကူးထည့်ပြီးရင် File ကို Start.bat နဲ့ သိမ်းလိုက်ပါ။ notepad ကို နောက်တစ်ခါ ထပ်ဖွင့်ပါ။
netsh wlan stop hostednetwork
လေးကို ကူးထည့်ပါ။ File ကို Stop.bat နဲ့သိမ်းလိုက်ပါ။ ဒါဆိုလျှင်ရပါပြီ။ ၀ိုင်ဖိုင် လွှင့်ချင်လျှင် Start.bat နဲ့ လွှင့်ပြီး ပိတ်ချင်လျှင် Stop.bat နဲ့ ပိတ်လိုက်ပါ။
www.aungkyaw.net
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.