url 

ကွန်ပျုတာကွန်ရက်ထဲတွင် Hacking ဆိုသည်မှာ ကွန်ရက်ဆက်သွယ်ခြင်းများနဲ့ ဆက်သွယ်ထားတဲ့စနစ်များရဲ့ပုံမှန်လုပ်ဆောင်ပုံတွေကို ကျွမ်းကျင်စွာ ခြယ်လှယ်နိင်ရန် ပြုလုပ်ထားသည့် နည်းပညာသက်ရောက်မူ တစ်စုံတစ်ရာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိကွန်ပျုတာဖြင့်အခြားမိမိနဲ့ မသက်ဆိုင်သော အခြားကွန်ပျူတာမှ အချက်အလက်များကို ရယူနှောင့်ယှက်ခြင်း ဖြစ်ပါတယ်။ သို့ပေမဲ့ Hacker သမားတစ်ယောက်ဟာ သူများတွေထက် ကွန်ပျူတာနည်းပညာပိုင်းကို ပိုပြီးကျွမ်းကျင်သူများ ဖြစ်ကြပါတယ်။ ဒီနေ့တွေမှာတော့ အင်တာနက်နဲ့ အခြား ကွန်ရက်များမှာ Hacking နဲ့ hacker သမားများဟာ ပရိုဂရမ် ဖျက်ဆီးတိုက်ခိုက်မူတွေနဲ့ အဓိက အများဆုံး ဆက်နွယ်လျက်ရှိကြပါတယ်။
ပထမဦးဆုံး ထင်ရှားလာတာကတော့ ၁၉၅၀နဲ့ ၁၉၆၀လောက်ကတည်းကဖြစ်ပြီး hacking ရဲ့ အယူအဆသဘောထားဟာ ကွန်ပျူတာ အခန်းတွေနဲ့ သင်ကြားမူတွေဆီက စတင်ခဲ့ပြီး hack လို့ခေါ်တွင်လာကာ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မူနဲ့ ပျော်စရာ learning activities တစ်ခု အဖြစ်သာ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီစကားရပ်ကို အစိုးရကို ပေးချေရသည့် အခြားငွေရေးကြေးရေး သက်သာစေဖို့ စတင် လုပ်ဆောင်လာကြတာကိုတွေ့ရပါတယ်။ အင်တာနက်တွေ မထင်ရှားသေးခင်တုန်းကတော့ US မှာရှိတဲ့ အချို့ Hacker တွေဟာ တယ်လီဖုန်းတွေကို အခမဲ့ ကြာရှည်ဝေးကွာတဲ့ call တွေကို ခေါ်ဆိုနိင်ဖို့အတွက် နည်းလမ်းတွေ စမ်းသပ် ခဲ့ကြပါတယ်။ နောက်ပိုင်း အင်တာနက်ဆိုတာ သိသာထင်ရှားလာတာနဲ့ အမျှ Hacker တွေရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်လာတော့တာပါပဲ။ံHacking Vs cracking ကွန်ပျူတာ ကွန်ရက်ပေါ်ရှိ လုပ်ဆောင်ချက်တစ်ခုအပေါ်မှာ ဖျက်ဆီးတဲ့ တိုက်ခိုက်မူတွေကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မှန်ကန်စွာ hacking လုပ်နေတာကို cracking လုပ်တယ်လို့ခေါ်ပါတယ်။ သူက hacking နဲ့ ဆန့်ကျင်ဖက်ပေါ့။ technical လောက်သာတတ်ကျွမ်းလေ့ တာပေါ့။  

Aung Heine ( www.smart.com.mm )


0 comments:

Post a Comment

 
Top