အမှန်အားဖြင့် ထိုကဲ့သို့သော
ဆန့်ကျင် ဘက်စကားစုများကို တွဲထားရသည်ကို ထူးဆန်းလှသည်ဟုထင် ပါလိမ့်မည်။ အကြာင်းအမှန်ဖွင့်ဟရလျှင်
ထိုစကားသည်ကား ပေါက်ပေါက် ရှာရှာမေးတတ်သော ကလေးတစ်ဦး၏ မေးခွန်းကို ပြန်ဖြေရာမှရေးဖြစ်ခြင်း
ဖြစ်သည်ဟု ဝန်ခံရပေမည်။
သူမေးခဲ့သောမေးခွန်းကို
စာရေးသူတို့ငယ်စဉ်က မေးရန်စဉ်းစားခဲ့ဟန်မတူ
xxxxxxxxxxxxxxxxxxxxxxxxxxxxx
“ဦးဦး မီးမီးခေါင်းထဲမှာ ဘာရှိလဲဟင်”
“ဦးနှောက်တွေရှိတာပေါ့
သမီးရ”
“ဟင် ဦးနှောက်ဆိုရင် ပျော့စိစိကြီးဖြစ်ရမှာ ခုတော့ မာမာကြီး”
“အော် ဒီလိုသမီးရဲ့
သမီးပြောတဲ့ မာမာကြီးဆိုတဲ့ ဦးခေါင်းခွံက သမီးပြောတဲ့ ပျော့စိစိဦးနှောက်ကို အပေါ်ကနေ ကာပေးထားတာ”
“နေပါဦး မီးမီးက
ဘယ်ကနေ ဘယ်လိုအတွေးပေါက်ပြီး ဦးကိုမေးရတာလဲ”
“မီး တို့ဆရာမက အတန်းထဲကကောင်လေးတစ်ယောက်ကို
နင့်ခေါင်းထဲမှာ ချီး(ချေး) တွေပဲရှိတယ်ထင် တယ်လို့ပြောသံကြားလို့”
“ဒါဆို ဦးဦးပြောတာ
တရုပ်တန်းမှာစားတဲ့ ကြေးအိုးထဲက ဝက်ဦးနှောက်လိုမျိုးပေါ့”
“အောင်မလေး ငါ့တူမက ပြောလည်းပြောတတ်တယ်”
“ကဲဒါဆို ဦးစာဖတ်ခန်းထဲက
စာအုပ်ယူပြီးလာပြမယ် ခဏ စောင့်”
XXXXXXXXXXXXXXXXXXXXX
ပေါက်ပေါက် ရှာရှာမေး တတ်တယ်ဟု ဆိုရမည်ဖြစ်သော်လည်း တွေးခေါ်ယူဆမှုအားကောင်းသည်ဟုလည်း
ဆိုနိုင်သော တူမငယ်၏အမေးမျိုးကို အသက်၃၀အရွယ် မိတ်ဆွေ လူနာ အင်ဂျင်နီယာတစ်ဦး ကမေးဖူးသည်။
သူ၏မေးခွန်းသည်ကားပို၍မြင့်သည်။
“ကျွန်တော်တို့က
ဒီခေါင်းနဲ့ ဦးနှောက်သယ်နေရတယ်၊ မ နေရတယ်လို့မထင်ရဘူး ဘာကြောင့်လဲတဲ့” ဟုတ်ပါသည်။ ကျွန်တော်တို့နေ့စဉ်
လှုပ်ရှားသွားလာနေသူ မည်သူမျှ ထိုဦးခေါင်းထမ်းထားရခြင်းကို သတိမထားမိကြ။ အသက် ၃ လ အရွယ်ကလေး ငယ်ဘ၀ကည်းက ထမ်းထားနိုင်ခဲ့သော ထိုဦးခေါင်းကိုမည်သည့်
အကြောင်းအရာများက ပေါ့စေသနည်း။
XXXXXXXXXXXXXXXXXX
စာရေးသူတို့၏ဦးခေါင်းခွံကို
Skull Bone ဟုခေါ်ပါသည်။ ထိုအရာသည် အရိုးတစ်ခုဖြစ်သည့်အတွက် သင့်တင့်သော အလေးချိန်တော့ရှိပါသည်။
သို့သော် ထိုအလေးချိန်မျှကိုပင် လေးမှန်းမသိအောင် သဘာဝတရားက ဖန်တီးပေးမှုများရှိပါသည်။
လေသည် ပေါ့သည့်သဘောရှိသည်ကို လူတိုင်းသိပါသည်။ ထို့အပြင် လေသည် အထက်သို့တက်လိုသည့်
သဘောရှိသည်ကိုလည်း သိကြပေမည်။ အရာဝတ္ထုများ လေးသည်ဟု ထင်ရခြင်းမှာလည်း ကမာ႓ ကြီး၏စွဲအား
Gravity ကြောင့်ဖြစ်ပါသည်။ ထိုအခါ
Anti-Gravity သတ္တိရှိသော လေများသည် Skull
Bone အတွင်း Air Cells လေအိတ်လေးများအဖြစ် နေရာယူခွင့် ရရှိအောင် ဖန်တီးပေးထားမှုကြောင့်
ထင်သလောက် မလေးပဲပေါ့ရခြင်း ဖြစ်ပါသည်။
ဆေးပညာအခေါ်အရ ထိုလေရှိသော
အရိုးအစိတ်အပိုင်းများကို Sinus ဟုခေါ်ပါသည်။ Frontal Sinus၊ Maxillary Sinus၊
Ethmoidal Sinus ဟုခေါ်သောထိုနေရာတို့တွင် ပိုးဝင်သောအခါ ထိပ်ခပ်နာဟု လူပြောများသော
Sinusitis ရောဂါခံစားရပါသည်။ စာရေးသူကြားဖူးသည့် သိပ္ပံ ပညာသတင်းတစ်ခုမှာ ခေတ်မီတိုးတက်လာသော
ယနေ့ခေတ်ကိုခြောက်လှန့်မည့် လေယာဉ်ပြန်ပေးဆွဲခြင်းမျိုးမှ ကာကွယ်နိုင်ရန် လေယျာဉ်မှူးတို့ကို
အသွင်တူအောင် မည်မျပင် ရုပ်ဖျက်ပြင်ဆင်ထားစေကာမူ ၄င်းတို့၏Skull အတွင်းတွင် ရှိနသော Air Sinus ကို ဓါတ်မှန်ဖြင့်မှတ်တမ်းတင် စစ်ဆေးခြင်းပင် ဖြစ်သည်။ ရုပ်ချင်းမည်မျပင် တူသည့်
အမွှာ ပင်ဖြစ်စေကာမူ ထို Air Sinus များကားမတူ၍ ဖြစ်ပါသည်။
ထို့ကြောင့် လေးမှန်း
မသိစေသော ထိုလေအိတ်များနှင့် အရိုးပြား နှစ်လွှာပါးဖြင့် ထူးထူးခြားခြားတည်ဆောက် ထားသော
ဦးခေါင်းခွံကြီးသည် ပုံစံမျိုးစုံကွဲပြားပါစေ ပေါ့နေဆဲဖြစ်သည်။
ထိုမျှမက အတွင်းတွင်ရှိသော
အလေးချိန် ၁၅၀၀ ဂရမ်မျလေးသောဦးနှောက်ကိုလည်း လေးသည်မထင်ရ။ အကြောင်းမှာ ဆိုခဲ့ပြီးသော
ဦးခေါင်းခွံအတွင်း လှည့်ပတ်စီးဆင်းနေသော CSF ခေါ် Cerebrospinal Fluid ၏ ဖော့ဂုဏ်သက်ရောက်စေမှုကြောင့်
ဖြစ်ပါသည်။ ထိုအရာများကို မည်သည့်ဖန်ဆင်းရှင်များက ဖန်တီးထားသနည်း ဟုမေးလာလျှင်တော့
စာရေးသူလည်း ဖြေနိုင်မည်မထင်တော့ပါ။
Ref-Myanmar iCT News
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.