Latest News


ကလေးတွေကို စာသင်ပေးနိုင်မယ့် Game Keyboard တစ်ခုကို Digital Dream Labs က Kickstarter Project တစ်ခုအနေနဲ့ပြုလုပ်လိုက်ပါတယ်။

အမေရိကန် နိုင်ငံ Pittsburgh မြို့အခြေစိုက် လူငါးယောက် က ကလေးတွေအတွက် ပညာသင်ကြားပေးနိုင်တဲ့ Gaming Keyboard ကို တီထွင်ဖို့ စီမံကိန်း ကိုစတင်လိုက်တာဖြစ်ပါတယ်။ CloudBoard လို့နာမည်ပေးထားပြီး Board Game အမျိုးအစား ဂိမ်းတွေကစားနိုင်မှာ ဖြစ်ပါတယ်။ အသက် လေးနှစ် ကနေ တစ်ဆယ့်နှစ်နှစ် အရွယ် ကလေးတွေအတွက် ရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။ Video Game က ဇာတ်ကောင် တွေကို ထိန်းချုပ်ဖို့အတွက် Plastic အတုံးလေးတွေကို ကီးဘုတ် မှာ တပ်ဆင် ကစားရမှာဖြစ်ပြီး ရှုပ်ထွေးတဲ့ ကစားနည်းတွေကို ပြုလုပ်ပေးထားပါတယ်။ Chemistry , Engineering တို့လို ရှုပ်ထွေးတဲ့ ပညာရပ် တွေကိုတောင် ကစားနိုင်တယ်လို့ဆိုပါတယ်။


Game စက်တွေလို ကစား ရလွယ်ကူတဲ့ လက်ကိုင်တွေပါရှိတာမဟုတ်ဘဲ ကလေးတွေရဲ့ ဉာဏ်ရည် ကိုဖွံ့ ဖြိုးစေဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ ကီးဘုတ် ကိုအသုံးပြုပြီး ကစားရမှာဖြစ်ပါတယ်။ Digital Dream Lab က CloudBoard နဲ့ တွဲဖက် ကစားဖို့ ဂိမ်းတော်တော်များများ ကိုလည်း ပြုလုပ်ပေးထားပြီး Cork the Volcano ဆိုတဲ့ ဂိမ်း ကို အရင်ဆုံးပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဝါကျတည်ဆောက်ရတဲ့ ဂိမ်း၊ Tower Defence ဂိမ်းတွေကိုလည်း ဆက်လက်ပြုလုပ်နေပါတယ်။ တစ်ခြား Developer တွေကိုလည်း CloudBoard အတွက် ဂိမ်းတွေပြုလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

CloudBoard ဟာ PC,Tablet, Smartphone တို့လို Device တွေနဲ့ တွဲဖက် ကစားနိုင်မှာဖြစ်ပါပြီး OS မျိုးစုံမှာလည်း ကစားနိုင်မှာဖြစ်ပါတယ်။

စီမံကိန်း အောင်မြင်ဖို့အတွက် လူအများက ငွေကူညီထောက်ပံ့ပေးရတဲ့ Kickstarter Project အဖြစ်ပြုလုပ်ထားပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ ကို နောက်ဆုံးငွေလက်ခံ တဲ့ နေ့အဖြစ်သတ်မှတ်ထားပါတယ်။ စီမံကိန်း အတွက် Fund ငွေအဖြစ် ဒေါ်လာ ၉၀၀၀၀ သတ်မှတ်ထားပြီး အခုလောလောဆည်မှာ ဒေါ်လာ ၂၀၂၅၄ ရရှိနေပြီဖြစ်ကြောင်းသိရပါတယ်။


Thu Ya

Ref-Myanmar iCT News

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top