မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်သော Mobile & Tablet Fair ကို တပ်မတော်ခန်းမတွင် ဒီဇင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၄င်းပွဲတွင် မြန်မာနိုင်ငံဈေးကွက် အတွင်းရှိ နာမည်ကြီး ဖုန်းအမှတ်တံဆိပ်များဖြစ်ကြသော LG, Samsung, HTC, Huawei, Sing Tech, CycleTech, Fada, YXTEL အစရှိသော အမှတ်တံဆိပ်များပါ၀င် ပြသရောင်းချပေးသွားမည့်အပြင် Retail Store ဆိုင်ကြီးများဖြစ်သော JayMart, eCity, SkyWav, Original Korean Mobile, Phone Corner, PAPAYA, KM Mobile, 123it  အစရှိသော ဆိုင်ကြီးများ ၀င်ရောက်ပြသသွားမည် ဖြစ်သည်။


GoThereMyanmar, Putet Comic App  တို့အပါအ၀င် Mobile App တော်တော်များများလည်း ၀င်ရောက်ပြသမည်ဖြစ်ပြီး VIP Mobile Training Centre မှလည်း သင်တန်းသားများ တစ်နေရာတည်း အပ်နှံနိုင်ရန် ၀င်ရောက်ပြသပေးသွားမည်ဖြစ်သည်။

ပြပွဲလာရောက်သူများအနေဖြင့် ပစ္စည်းများလေ့လာကြည့်ရှု၀ယ်ယူရင်း ဗဟုသုတရရှိနိုင်မည့် ပညာရှင်များကိုယ်တိုင် ၀င်ရောက်ဆွေးနွေးသော Technical Talk Forum များကို လည်း ကြည့်ရှုနားထောင်နိုင်မည် ဖြစ်ပြီး အားလပ်ချိန်များတွင်လည်း ကိုနိုင်ဇော် (Lazy Club) ဦးစီးသော ဂီတအဖွဲ့၏ ဖျော်ဖြေမှုများကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှု နားဆင်နိုင် မည်ဖြစ်သည်။ ထို့အပြင် နည်းပညာစာအုပ်အများအပြားအပါ၀င် ရသစုံစာပေများကို Myanmar Book Centre မှ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး Book Buffet အစီအစဉ်ကလည်း စာပေမြတ်နိုးသူများအတွက် အကြိုက်တွေ့စေမည် ဖြစ်သည်။

ပြပွဲနှင့်ပတ်သတ်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက Outlab Biz Group ဖုန်း- 093 111 0503 သို့ မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

Ref-Myanmar iCT News

0 comments:

Post a Comment

 
Top