အနာဂတ် ရဲ့ စမတ်ဖုန်း ဈေးကွက်မှာ ဈေးသက်သာ တဲ့စမတ်ဖုန်း တွေက နေရာယူတော့မည်
စမတ်ဖုန်း ထုတ်လုပ်မှုဟာ ဒီနှစ်ကုန် မှာ ကမ္ဘာ့လူဦးရေ ရဲ့ ခုနစ်ပုံ တစ်ပုံ အရေအတွက် ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ သုတေသန အဖွဲ့ တစ်ခုဖြစ်တဲ့ IDC ရဲ့ စစ်တမ်း အရ စမတ်ဖုန်း ထုတ်လုပ်မှု ဟာ တစ်နှစ်ထက် တစ်နှစ် ၃၉.၃ ရာခိုင်နှုန်းတိုးတက်နေပြီး ပျမ်းမျှ ရောင်းဈေးမှာ ဒေါ်လာ ၃၈၇ ကနေ ဒေါ်လာ ၃၃၇ အထိကျဆင်းနေပြီး ရာခိုင်နှုန်း အားဖြင့် ၁၂.၈ ရာခိုင်နှုန်း ကျဆင်းနေတာဖြစ်ပါတယ်။


စမတ်ဖုန်း ဈေးကွက် ဟာ ပျမ်းမျှရောင်းဈေး တွေရဲ့ ကျဆင်းမှုပေါ် အများကြီး မူတည်နေပါတယ် လို့ IDC Program Director ဖြစ်သူ Ryan Reith က ပြောကြားပါတယ်။ ဈေးသက်သာတဲ့ ဖုန်းတွေကြောင့် အရင် က စမတ်ဖုန်း အသုံးမပြုနိုင်တဲ့ သန်းနဲ့ ချီတဲ့ ကမ္ဘာ့လူသားတွေ ဟာ ဆက်သွယ်မှု တွေပြုလုပ်လာနိုင်ပါပြီ လို့ ဆက်လက်ပြောဆိုပါတယ်။

ဈေးသက်သာ လာတဲ့အတွက် စမတ်ဖုန်း အသုံပြုသူ ဦးရေ တိုးတက်လာမှာဖြစ်ပါတယ် လို့ IDC က ဆက်လက်ပြောဆိုပါတယ်။ IDC ရဲ့ စမတ်ဖုန်း ပျမ်းမျှရောင်းဈေး ဇယားကွက်ကိုအောက်မှာလေ့လာနိုင်ပါတယ်။


By Thu Ya

Myanmar iCT News

0 comments:

Post a Comment

 
Top