HTC က One ဖုန်းကို ရွှေရောင် ဗားရှင်း ထုတ်လုပ်ပေးပြီး ရွှေရောင်ဖုန်းဈေးကွက် ထဲကို တစ်ဖြည်းဖြည်း ၀င်ရောက်လာပါပြီ။ ၄.၇ လက်မ Display တပ်ဆင်ထားပြီး ၁.၇ GHz quad-core processor တပ်ဆင်ထားတဲ့ HTC One ကို ဖင်လန် အခြေစိုက် Gigantti အရောင်းဆိုင်မှ တနင်္လာနေ့တွင်စတင်ရောင်းချပေးခဲ့ပါတယ်။ ရွှေရောင် ဖုန်းမှာ HTC One ဖုန်းနဲ့ ဒီဇိုင်း အတူတူဖြစ်ပါတယ်။ HTC က HTC One ကို ငွေရောင်၊ အနက်ရောင်၊ အပြာရောင်၊ အနီရောင် တို့ကို ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။


HTC က ရွှေရောင် ဖုန်း ထုတ်လုပ်မှာဖြစ်တယ်လို့ စက်တင်ဘာလ ကတည်းက သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ HTC က ရွှေရောင်ဖုန်းကို လျှို့ ဝှက်ထားခဲ့တာဖြစ်ပြီး ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

ရွှေရောင်ဖုန်းဈေးကွက်ထဲကို ၀င်ရောက်လာတဲ့အပြင် HTC One ရဲ့ Google Play Edition ဟာလည်း Android 4.4 KitKat ကို Update ရရှိပြီဖြစ်ပါတယ်။ HTC One ပိုင်ရှင်တွေဟာ Over-The-Air Update ရရှိနိုင်ပြီး Google ရဲ့ နောက်ဆုံး ထုတ် Android OS ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။


By Thu YA

Ref-Myanmar iCT News

0 comments:

Post a Comment

 
Top