နာမည်ကြီးတရုတ် Company နှစ်ခုဖြစ်တဲ့ ဖုန်းထုတ်လုပ် သူ Xiaomi နဲ့ ကမ္ဘာတစ်၀န်း အသုံးပြုသူ သန်း၂၇၀ ကျော် ရှိတဲ့ Messenging App ဖြစ်တဲ့ WeChat တို့ဟာ ပူးပေါင်းလုပ်ဆောင်မှုတစ်ခုကိုပြုလုပ်လိုက်ပါတယ်။

Xiaomi ဟာ သူ့ရဲ့ စွမ်းဆောင်ရည်မြင့် Mi-3 ဖုန်း တစ်သိန်းခွဲ ကို WeChat ကနေတစ်ဆင့် ရောင်းချမယ်လို့ Sina Weibo တရား၀င် အကောင့် ကနေ ပြောကြားပါတယ်။ တရုတ်ပြည်မှ WeChat အသုံးပြုသူ တွေဟာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ဒါပေမယ့် နိုင်၀င်ဘာလ (၂၈) ရက်နေ့ နေ့လည် ၁၂ နာရီ မှစတင်ရောင်းချပေးမှာဖြစ်ပါတယ်။


Xiaomi နဲ့ WeChat တို့ရဲ့ နာမည် ကျော်ကြားမှု ကရောင်းအားကောင်းစေနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အလုံး တစ်သိန်းခွဲ စလုံး အမြန်ရောင်းကုန်သွားမယ်လို့မျှော်လင့်ရပါတယ်။

ဖုန်းကို ကြိုတင်မှာယူတာရော၊ ၀ယ်ယူတာရော ကို WeChat App ကနေပဲပြုလုပ်ရမှာဖြစ်ပါတယ်။ Xiaomi ရဲ့ ဖုန်းတွေဟာ ရောင်းအားအလွန်ကောင်းတာကြောင့် WeChat ရဲ့ သြဂုတ် လကမှ စတင်မိတ်ဆက်ပေးခဲ့တဲ့ Payment System ဟာ Xiaomi ရဲ့ ၀ယ်လိုအားများမှု ကို ကိုင်တွယ် နိုင်မလားဆိုတာ စမ်းသပ်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။


By Thu Ya

Ref-Myanmar iCT News

0 comments:

Post a Comment

 
Top