Project Ara လို့ နာမည်ပေးထားတဲ့ စီမံကိန်း တစ်ခု ကို Motorola က မကြာမီ က ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ စီမံကိန်း အရ သင့်ဖုန်း ကအစိတ်အပိုင်းတစ်ခုချင်းစီကို ဖြုတ် တပ် လဲလှယ် လို့ရတော့မှာဖြစ်ပါတယ်။ သင့်ဖုန်းက ကင်မရာ ထက် ပိုကောင်းတဲ့ ကင်မရာ လိုချင်ရင် ဖုန်းအသစ်တစ်လုံး၀ယ်စရာမလိုတော့ပါဘူး။ ကင်မရာ ကို ဖြုတ်ပြီး ပိုကောင်းတဲ ကင်မရာ လဲလှယ် တပ်ဆင်လိုက်ရုံပါပဲ။ စပီကာ မကောင်းတော့ရင် စပီကာ ကိုပဲဖြုတ်လဲနိုင်ပါတယ်။ တစ်ခြား အစိတ်အပိုင်းတွေကိုလည်း မိမိစိတ်ကြိုက် Upgrade လုပ်နိုင်ပါပြီ။Motorola က Ara Project ကို ပြုလုပ်လာတာ တစ်နှစ်လောက်ရှိပါပြီ။ ဒီ Project သာအောင်မြင်သွားရင်တော့ Smartphone လောက မှာ အလွန်ထူးခြား ဆန်းသစ်တဲ့တိုးတက်မှု ကြီး ဖြစ်လာတာဖြစ်ပါတယ်။

အခုဆိုရင် Motorola က 3D System Company နှင့် ပူးပေါင်းလုပ်ဆောင်မယ်လို့ကြေညာလိုက်တဲ့အတွက် အဲဒီ စီမံကိန်း ဟာ အကောင်အထည်ပေါ်ဖို့ ပိုမိုနီးစပ်လာပြီဖြစ်ပါတယ်။ 3D Printing နည်းပညာ ကိုအသုံးပြုမှာဖြစ်တဲ့အတွက် ထုတ်လုပ်မှု အားလွန်စွာ ကောင်းမွန်မှာဖြစ်ပြီး Project Ara ကိုလည်းများစွာအထောက်အကူပြုမှာဖြစ်ပါတယ်။

သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအရ ဖြုတ်တပ်လဲလှယ်နိုင်တဲ့ဖုန်းတွေရဲ့ အစိတ်အပိုင်းအားလုံးကို ပြုလုပ်ပေးနိုင်တဲ့ Multi-Material Printing နည်းပညာကိုလည်း ပိုမိုဖွံ့ဖြိုးအောင်ပြုလုပ် ကြမှာဖြစ်ပါတယ်။

စီမံကိန်းအောင်မြင်သွားပြီဆိုရင် လည်း Motorola ရဲ့ Ara Smartphone တွေရဲ့ ကာဗာ ၊ အစိတ်အပိုင်းတွေကို ပြုလုပ်ပေးဖို့ 3D System ကပဲ တာ၀န်ယူလုပ်ဆောင်ပေးမယ် လို့ မျှော်လင့်ရပါတယ်။

By Thu Ya

Ref-Myanmar iCT News

0 comments:

Post a Comment

 
Top