Hewlett-Packard က Laptop/Tablet နှစ်မျိုး အသုံးပြုလို့ရမယ့် Windows 8.1 Hybrids များကို ဒီဇင်ဘာလ အားလပ်ရက် အမီ ရောင်းချပေးမယ်လို့ CEO Meg Whitman က အင်္ဂါနေ့ ကပြောကြားပါတယ်။


“ HP ဟာ Laptop/Tablet နှစ်မျိုး အသုံးပြုလို့ ရတဲ့ Device တွေကို ထုတ်လုပ်ရောင်းချခဲ့ဖူးသလို ပြိုင်ဖက် တွေကလည်း ထုတ်လုပ်ရောင်းချနေကြပါတယ်။ အကောင်းဆုံး Tablet နဲ့ အကောင်းဆုံး PC အရည်သွေးတွေကို ပေါင်းစည်းထားတာဖြစ်လို့ ဒီလို Device တွေကို ဦးစားပေးထုတ်လုပ်မှာဖြစ်ပါတယ်။” လို့ HP ရဲ့ အမြတ်ငွေ အစည်းအဝေးပွဲမှာ Analyst တစ်ယောက် ရဲ့ မေးခွန်း ကို CEO က ပြန်လည်ဖြေဆိုပါတယ်။ အဲဒီ အစည်းအဝေးပွဲမှာပဲ မျှော်မှန်းထားတာထက် အမြတ်အစွန်း ပိုရခဲ့တယ်လို့လည်း HP ကပြောပါတယ်။


ဒီလို ပြောင်းလဲအသုံးပြုနိုင်တဲ့ ပစ္စည်းတွေဟာ ခရစ်စမတ်ရာသီ မှာ ရောင်းအားကောင်းမလားဆိုတာ ကတော့ ပြောဖို့စောပါ သေးကြောင်း CEO က ပြောပါတယ်။ Whitman က Device တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် Spectre x2 နဲ့ Pavilion x2 တို့ ကို ရည်ညွှန်းပြီးပြောတာဖြစ်နိုင်ပါတယ်။ အဲဒီ Laptop နှစ်ခုစလုံးက ကီးဘုတ်တွေဟာ အရှင်တွေဖြစ်ပြီး ဖြုတ်လို့ရတဲ့အတွက် Windows 8.1 Tablet လို အသုံးပြုနိုင်ပါတယ်။

EliteBook Revolve ကလည်း Touch Screen ဖြစ်တဲ့ အတွက် Tablet လိုအသုံးပြုနိုင်ပေမယ့် ကီးဘုတ် ကိုတော့ ဖြုတ်လို့မရပါဘူး။

Spectre x2 ရဲ့ Specification တွေကတော့ အလွန်ကောင်းမွန်တာတွေ့ရပါတယ်။ ၁၃.၃ လက်မ 1920×1080 Display တပ်ဆင်ထားပြီး 128GB Solid State Drive , Intel HD 4200 Graphics, USB 3.0 , HDMI Ports တို့ပါရှိပါတယ်။ ကီးဘုတ်ထဲမှာ ဘက်ထရီ အပိုတစ်ခုပါရှိပြီး ဘက်ထရီ နှစ်ခုပေါင်း ကိုးနာရီ ကြာ အသုံးခံမှာဖြစ်ပါတယ်။

Intel Core Processor ကို အသုံးပြုထားပြီး ပန်ကာ တပ်ဆင်ထားခြင်းမရှိတဲ့ ပထမဆုံး Device လည်းဖြစ်ပါတယ်။ Intel ရဲ့ အကောင်းဆုံး Chip တွေထဲက တစ်ခုဖြစ်တဲ့ i5 4202Y Processor ကို အသုံးပြုထားပါတယ်။ များသောအားဖြင့်တော့ Core i3, i5, i7 Processors တွေ အသုံးပြုတဲ့ Laptop တွေဟာ Chip ကို အပူသက်သာစေဖို့ ပန်ကာ လိုအပ်ပါတယ်။


By Thu Ya 

Myanmar iCT News

0 comments:

Post a Comment

 
Top