Android Phone ပြောင်းကိုင်ချင်တဲ့ iPhone အသုံးပြုသူတွေအတွက် Google ရဲ့ အမှုဆောင်အရာရှိဖြစ်သူ Eric Schmidt က နည်းလမ်းတွေပေးလိုက်ပါပြီ။ Eric က iPhone အသုံးပြုသူတော်တော်များများဟာ Android Phone ကိုပြောင်းလဲအသုံးပြုနေပြီဖြစ်ကြောင်း Google Plus စာမျက်နှာမှာ ရေးသားထားပါတယ်။
နောက်ဆုံးပေါ် နည်းပညာမြင့် ဖုန်းတွေဖြစ်တဲ့ Galaxy S4, Nexus 5 တို့ဟာ iPhone တွေထက် ပိုကောင်းတဲ့ Screen ပါရှိပြီးပိုမိုလျှင်မြန်ကြပါတယ်။ နောက်ပြီး အသုံးပြုရလွယ်ကူတဲ့ User Interface လည်းရှိပါတယ်။ အဲဒီဖုန်းတွေဟာ iPhone အသုံးပြုသူတွေအတွက်တော့ Christmas လက်ဆောင်ပါပဲ လို့ Eric ကရေးသားထားပါတယ်။


iPhone က နေ Android Phone ပြောင်းကိုင်မယ့်သူတွေအတွက် အသုံးပြုနည်းလမ်းညွှန် ကိုလည်း ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒီလမ်းညွှန်မှာ Android Phone ကို Setup လုပ်နည်း၊ iPhone , iPad က ဒေတာ တွေကို Android Phone ကိုပြောင်းရွှေ့နည်း နဲ့ iTunes က သီချင်းတွေကို Cloud ကိုပြောင်းနည်းတွေပါရှိပါတယ်။

သူ့ရဲ့ နောက်ဆုံး အကြံပေးချက်က Safari ကို အသုံးမပြုဘဲ Chrome ကို အသုံးပြုဖို့ဖြစ်ပါတယ်။ Chrome ဟာ ပိုပြီးလျှင်မြန်သလို အဖက်ဖက် က ပိုမိုကောင်းမွန်ပါတယ်။နောက်ပြီး Free ပါလို့ ရေးသားထားပါတယ်။

Eric ရဲ့ Google Plus ဆောင်းပါးအောက်မှာ ရေးသားထားတဲ့ စာဖတ်သူတွေရဲ့ ကွန်းမန့်တွေက Chrome ရဲ့ အခမဲ့ အသုံးပြုနိုင်တာကို သဘောကျကြပါတယ်။ ဒါပေမယ့် Eric ရဲ့ ကူးပြောင်းနည်း လမ်းညွှန်ကိုတော့ မပြည့်စုံဘူးလို့ ယူဆကြပါတယ်။ iPhone ကဒေတာ တွေကို Android Phone ကိုကူးပြောင်းနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ iOS အသုံးပြုသူတွေအတွက် Android Phone နဲ့ ရင်းနှီးကျွမ်း၀င်အောင် လေ့လာစရာ တွေ ရှိနေပါသေးတယ်။

Apple ကလည်း Android Phone အသုံးပြုသူတွေ iPhone ပြောင်းလဲအသုံးပြုနိုင်ဖို့ နည်းလမ်းတွေကို ဘယ်တော့ ချပြမလဲဆိုတာ စောင့်ကြည့်ရပါမယ်။
Eric ရဲ့ အသုံးပြုနည်းလမ်းညွှန် ကို အောက်ကလင့်မှာ အပြည့်အစုံဖတ်နိုင်ပါတယ်။




 By Thu Ya

Ref-Myanmar iCT News

0 comments:

Post a Comment

 
Top