Samsung နဲ့ LG တို့ဟာ ကိုရီးယား နိုင်ငံ အခြေစိုက် Company တွေဖြစ်သလို ရေခဲသေတ္တာ မှ အစ တီဗီ အထိ အမျိုးအစားစုံလင်တဲ့ Electronics ပစ္စည်းတွေကို ထုတ်လုပ်ကြတာချင်းလည်းအတူတူပဲဖြစ်ပါတယ်။ အဲဒီ Company နှစ်ခု ဟာ ကွေးကောက်မျက်နှာပြင် ပါရှိတဲ့ ဖုန်းနှစ်လုံးကိုလည်း မကြာမီ က ရှေ့ဆင့်နောက်ဆင့်ဆိုသလို အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချခဲ့တာလည်းဖြစ်ပါတယ်။ Galaxy Round နဲ့ G Flex တို့မှာ ကွေးကောက်နေတဲ့ OLED Display ပါရှိတာ ချင်းတူပေမယ့် အရွယ်အစားနဲ့ တစ်ခြား အရာ တွေ မှာ ကွာခြားချက်တွေရှိပါတယ်။ Galaxy Round က ဒေါင်လိုက်ကွေးကောက်နေတာဖြစ်ပြီး G Flex က အလျားလိုက်ကွေးကောက်နေတာလည်းဖြစ်ပါတယ်။


ဖုန်းနှစ်မျိုးလုံးမှာ မတူညီတဲ့ Features တွေရှိပြီး အဓိက ကွာခြားချက်တွေကို ရွေးထုတ် တင်ပြသွားပါမယ်။

 
အဓိက Features များ

Samsung Galaxy Round


Galaxy Round က Galaxy Note 3 နဲ့ ဒီဇိုင်းချင်းအတူတူပဲဖြစ်ပြီး ဖုန်းရဲ့ အနောက်ဖက်မှာ Leather နဲ့ ဖုံအုပ်ထားတာချင်းလည်း အတူတူပဲဖြစ်ပါတယ်။ ၅.၇ လက်မ Full HD Display ကိုတပ်ဆင်ထားတာချင်းလည်း Note 3 နဲ့ အတူတူပဲဖြစ်ပါတယ်။ Galaxy Round မှာ Android 4.3 ကို လည်ပတ်မောင်းနှင်မှာဖြစ်ပြီး Samsung ရဲ့ Touch Wiz Interface ကို အသုံးပြုထားတာဖြစ်လို့ Multi-Window တွေ အသုံးပြုလို့ရသလို Ond-Handed Mode တွေကိုပါအသုံးပြုနိုင်ပါတယ်။

Samsung က Galaxy Round မှာ Roll Effect , Bounce UX ဆိုတဲ့ Feature နှစ်ခုကို ထပ်ဖြည့်ထားပါတယ်။ Roll Effect က ကွေးကောက်နေတဲ့ ဖုန်း ရဲ့ ပုံစံ ကို အသုံးချထားတာဖြစ်ပြီး ဖုန်းကိုစားပွဲတစ်ခုပေါ်တင်ထားတဲ့ အခါမှာဘေးနှစ်ဖက်က စားပွဲမျက်နှာပြင်ရဲ့ အပေါ်ဖက်ကို အနည်းငယ် ကွေးကောက်နေပါတယ်။ အဲဒီ ကွေးကောက်နေတဲ့ အစွန်းတစ်ဖက် ကို လက် နဲ့ အသာလေး ဖိထားလိုက်ရင် အချိန်၊ရက်စွဲ၊ ဘက်ထရီ အခြေအနေ နဲ့ Missed Calls တွေကို ပြပေးမှာဖြစ်ပါတယ်။ Bounce UX ကလည်း ကွေးကောက်မျက်နှာပြင် ကိုပဲ အသုံးချထားတာဖြစ်ပြီး ဖုန်းရဲ့ အစွန်းနှစ်ဖက် ကို ကစားပေးခြင်းဖြင့် သီချင်းတွေကို Rewind , Skip လုပ်တာတွေကိုထိန်းချုပ်နိုင်ပါတယ်။

LG G Flex


LG G 2 မှာလိုပဲ Power,Volume Button တွေကို အနောက်ဖက် ကင်မရာ ရဲ့ အောက်မှာ တပ်ဆင်ထားပေမယ့် ခြောက်လက်မ Display ကိုတပ်ဆင်ထားတာကတော့ LG G 2 နဲ့ ကွာခြားပါတယ်။ Galaxy Round အသုံးပြုထားတဲ့ Android 4.3 ထက်နိမ့်တဲ့ Android 4.2.2 ကို G Flex မှာ အသုံးပြုမောင်းနှင်မှာဖြစ်ပြီး LG ရဲ့ Optimus 3.0 မောင်းနှင်လည်ပတ် စနစ် ကို အသုံးပြုထားပါတယ်။ ဆော့ဝဲပိုင်းမှာ Touchscreen ကို နှစ်ချက် ပုတ်လိုက်ပြီး ဖုန်းကို Wake ဖြစ်အောင်ပြုလုပ်ပေးတဲ့ KnockOn Function ပါရှိပါတယ်။ Q Theatre က တော့ ဖုန်းကို အလျားလိုက်ကိုင်ထားပြီး Lock Screen ရဲ့ အလယ် မှာ လက်မနှစ်ခု ကိုနေရာချ ပြီး ဆန့်ကျင်ဘက် လားရာ ကို ပွတ်ဆွဲလိုက်တာနဲ့ ပုံတွေ၊ ဗီဒီယို တွေကို အသုံးပြုလို့ ရတာဖြစ်ပါတယ်။

Galaxy Round ရဲ့ မျက်နှာပြင် ဟာ ကွေးကောက်နေပေမယ့် အသေဖြစ်ပြီး Flexible မဖြစ်ပါဘူး။ G Flex ကတော့ အမှန်တကယ် ကွေးကောက်နိုင်ပါတယ်။ G Flex ရဲ့ မျက်နှာပြင်ကို စားပွဲတစ်ခုပေါ် မှောက်လျက်တင်ထားရင် ဖုန်း ရဲ့ အနောက်ဖက် မျက်နှာပြင် ဟာ အပေါ်ကို ခုံး နေမှာဖြစ်ပါတယ်။ အဲဒီခုံး နေတဲ့ မျက်နှာပြင် ပေါ်ကို လက်နဲ့ ဖိထားရင် G Flex ဟာ စားပွဲနဲ့ ရေပြင်ညီ အတိုင်းဖြစ်သွားပြီး ဖြောင့်တန်းသွားတာကို တွေ့ရပါတယ်။ G Flex မှာ နောက်ထပ်ထူးခြားချက်က ဖုန်းရဲ့ အနောက်ဖက် မျက်နှာပြင် ဟာ ခြစ်ရာ တွေကို အလိုလိုပျောက်ကင်းအောင်ပြုလုပ်နိုင်ပါတယ်။

အနှစ်ချုပ်

ဖုန်း နှစ်မျိုးစလုံး မှာ မတူညီတဲ့ စွမ်းဆောင်ရည်တွေပါရှိပေမယ့် LG G Flex ဟာ Galaxy Round ထက်အနည်းငယ် ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။ ခြစ်ရာတွေကို အလိုလိုပျောက်ကင်းအောင် စွမ်းဆောင်နိုင်မှု က ထူးခြားပါတယ်။ ကွေးကောက်တဲ့ ပုံသဏ္ဍာန် အရလည်း G Flex ဟာ အသုံးပြုရ ပိုမို အဆင်ပြေစေတယ်လို့လည်းသုံးသပ်ပါတယ်။ အထူးသဖြင့် ဖုန်းရဲ့ မျက်နှာပြင်ကိုကွေးကောက် အသုံးပြုရမယ့် အခြေအနေ မှာဖြစ်ပါတယ်။ Galaxy Round ကတော့ အိတ်ကပ်ထဲထည့်သွားဖို့ ပိုမိုအဆင်ပြေမယ်လို့ ထင်ရပါတယ်။

ဖုန်းနှစ်မျိုးစလုံးဟာ Company နှစ်ခုလုံး က မကြာမီကရောင်းချနေတဲ့ ဖုန်းတွေဖြစ်တဲ့ Note 3 , LG G 2 တို့နဲ့ Hardware ပိုင်းမှာ အတော် တူညီပေမယ့် ကွေးကောက်မျက်နှာပြင် ပါရှိတာ ဟာ ထူးခြားတဲ့ အချက်ဖြစ်လာပါတယ်။ နောက်နှစ်မှာတော့ ဖုန်းထုတ်လုပ်တဲ့ Company တွေဟာ ကွေးကောက်မျက်နှာပြင် ကို အသုံးချလို့ရမယ့် ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ရည် တွေပါရှိတဲ့ ဖုန်းတွေကို ထုတ်လုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Samsung Galaxy Round က ကိုရီးယား မှာပဲရောင်းချနေပါတယ်။ LG G Flex ကတော့ ယခုလက်ရှိမှာ ကိုရီးယား မှာ ရောင်းချပေးနပြီး နောက်နှစ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချမှာဖြစ်ပါတယ်


By Thu Ya

Ref-Myanmar iCT News


0 comments:

Post a Comment

 
Top