လူတိုင်း အင်တာနက်
အသုံးပြုခွင့်ရရှိရေး အတွက် ကြိုးစားလုပ်ဆောင်နေတဲ့ Company တွေထဲမှာ Google က ရှေ့ဆုံး
ကဦးဆောင် နေတဲ့ Company တစ်ခုဖြစ်ပါတယ်။ အခုတစ်ခါ India အမျိုးသမီး သန်း ငါးဆယ် ကို
အင်တာနက် အသုံးပြုလာစေရေးအတွက် စီမံကိန်း တစ်ခုကို Google က ပြုလုပ်ပေးလိုက်ပါတယ်။
“Helping Women
Get Online” လို့နာမည်ပေးထားပြီး အင်တာနက် အသုံးပြုနည်း များကို ပြသပေးထားတဲ့ ၀က်ဆိုက်
တစ်ခုကိုလည်း ပြုလုပ်ပေးလိုက်ပါတယ်။ အင်တာနက် ကို ပထမဆုံး စတင်အသုံးပြုမယ့် အမျိုးသမီး
များအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။
India က Google ညွှန်မှူး
ဖြစ်သူ Rajan Anandan က ပြောကြားရာမှာ “ India က အင်တာနက် အသုံးပြုသူ သန်း နှစ်ရာ ရဲ့
သုံးပုံတစ်ပုံ လောက်ကသာ အမျိုးသမီးများဖြစ်ကြပြီး India ဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး
အင်တာနက် စီးပွားရေး ဈေးကွက် တစ်ခုဖြစ်ဖို့ ခန့်မှန်းနေကြတာဖြစ်လို့ ဒီအချိုးအစား ကို
ပြောင်းလဲဖို့ လိုအပ်ပါတယ်။” လို့ပြောဆိုပါတယ်။
“အင်တာနက် အသုံးပြုခွင့်ရရှိခြင်းဟာ
အမျိုးသမီးတွေအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရရှိစေမှာဖြစ်ပြီး သူတို့ရဲ့ အမြင်တွေကိုလည်း
ပွင့်လင်းစွာ ဖော်ပြခွင့်ရမှာဖြစ်ပါတယ်။ အခွင့်အရေးအသစ်တွေ ရရှိလာမှာဖြစ်ပြီး ပညာရေး
မှာလည်း ထူးချွန်လာမှာဖြစ်ပါတယ်။ အခုစီမံကိန်း ကနေ နောက်နှစ်အတွင်းမှာ အင်တာနက် အသုံးပြုသူ
အမျိုးသမီး အရေအတွက် သန်းငါးဆယ် တိုးတက်လာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။” လို့ Rajan
Anandan ကဆက်လက်ပြောဆိုပါတယ်။
Chat, Email
Service တွေကို အသုံးပြုနည်းတွေ၊ ကွန်ပြူတာ နဲ့ အင်တာနက် အခြေခံအသုံပြုနည်း တွေကို
၀က်ဆိုက် မှာ ပံ့ပိုးပေးထားတဲ့အပြင် အင်တာနက် အသုံးပြုတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ တိုးတက်လာမှု
တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို တွေကို လည်း ကြည့်နိုင်ပါတယ်။ အဲဒီ ၀က်ဆိုက် မှာပဲ
အကူအညီ တောင်းခံနိုင်တဲ့ ဖုန်း နံပါတ် ကိုလည်း ပေးထားပါတယ်။
Google ရဲ့ ၀က်ဆိုက်ကို
အောက်ကလင့် ကနေ လေ့လာနိုင်ပါတယ်။
Ref-Myanmar iCT News
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.