တိုးတက်ပြောင်းလဲ လာသော ခေတ်စနစ်၏ အရိပ်အောက်တွင် ခေတ်မီဆန်း သစ်သော နည်းပညာများ တိုးတက်ထွန်းကား လျက်ရှိရာ နည်းပညာ များကို အသုံးပြု၍ ဖန်တီး ၇သော ဂီတအမျိုးအစား များ၏ ဖန်တီးရှင်များမှ ပြောပြသော နည်းပညာ၏ အရေးပါပုံ၊ အားသာချက်၊ သူတို့ဂီတ သမိုင်းကြောင်း၊ အကျိုးရှိမှုအတိုင်းအတာ၊ လိုအပ်ချက် အစရှိသည်များကို ပေါ်ပြူလာ ပ၇ိသတ် အတွက် တင်ဆက်လိုက် ပါသည်။ အနဂ္ဂ – ” အရင်တုန်းက Chorus တွေ၊ Note တွေကိုရေးတယ်။ ကျွန်တော်တို့ရဲ့အတွေးထဲမှာ သံစဉ်တွေက ကြားလာရတယ်။ Note ကို သေချာတတ် ရတယ်။ နောက် Note ကို ရေးတတ်ရတယ်။ အဲဒီဟာနဲ့ ကမ္ဘာမှာ ဂီတက ရှင်သန်တာ။ ဒီဘက် ကွန်ပျူတာ Age ကို ရောက်လာတဲ့ အချိန်မှာ ဘာဖြစ်သွားလဲ ဆိုတော့ သီချင်းလုပ်တဲ့ ပုံစံတွေ ကအတွေးထဲကို ဝင်လာတာ တစ်ခုကို ကိုယ့်မျက်လုံးနဲ့ သုံးပြီးတော့ ပြန်ပြီးတော့ ပုံစံပြန်ဖော် တာဖြစ်သွားတယ်။
ဟစ်ဟော့ပ်နဲ့ ပတ်သက်လို့ နည်းပညာက ဆိုးကျိုးတွေရှိ မလားဆိုရင် မရှိပါဘူး။ ပိုတောင် ကောင်းပါသေးတယ်။ အရင်တုန်းက ဟစ်ဟော့ပ် ဆိုတာက သူများအသံတွေ ဖြတ်ယူသုံး၊ သူများသီချင်းတွေ ဖြတ်ယူသုံး လုပ်ရတဲ့ ဂီတကနေ အခုဆို ကိုယ့်ဘာသာ ကိုယ်တီးလာနိုင်ပြီ။ Beginning တွေအနေနဲ့ဆိုရင်သီချင်းတီးဖို့ဆိုတာ ကွန်ပျူတာ ဆော့ဖ်ဝဲတစ်ခုရှိတာနဲ့ တင်သီချင်း တွေလုပ် လို့ရပြီ။ ကွန်ပျူတာဆော့ဖ်ဝဲကြီးရှိတာနဲ့ သီချင်းတွေ ထွက်လာတာ မဟုတ်ပါ ဘူး။ ကွန်ပျူတာဆော့ဖ်ဝဲကို ကိုယ်က ညွှန်ကြားမှ ကိုယ့်ရဲ့ညွှန်ကြားချက်အတိုင်း သူ က ပြန်ပြီးတော့ လုပ်ပေးတာပါ”
သားစိုး – ” နည်းပညာတွေ တိုးတက်လာတာ တအားကို ကောင်းပါတယ်။ ကျွန်တော်တို့ခေတ်တုန်းကဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ဆိုရင်ကွန်ပျူတာလေး တစ်လုံးပိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။ အခုဆိုရင် ဖုန်းနဲ့တောင်တီးလို့ရနေ ပြီ။ဖုန်းနဲ့ပဲသီချင်းတီးပြီး သွင်းလို့တောင်ရနေပြီ။ ကျွန်တော်တို့ လို ဂီတသမားတွေအ တွက်ေ တာ့ တော်တော်ကြီး ကောင်းသွားပြီ။ လူတွေကလည်းခေတ်နဲ့အမီ လိုက်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် Up-grade လုပ်ရမယ်။ နည်းပညာ တွေ တိုးတက်လို့ ပဲ ရောသ မမွှေ လို ဂီတပုံစံမျိုးတွေ လုပ်လို့ရလာ တာ။ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ တော့ ပိုလေ့လာရမှာပေါ့”
ဘာဘူ – ” ကျွန်တော်တို့မြန်မာ ပြည်မှာဆိုရင် စီဒီနဲ့ဖွင့်ပြီးဆိုတယ်။ အမေရိကမှာဆိုရင် ဓာတ်ပြားနဲ့ဆိုတယ်။ Record လုပ်ထားတဲ့ တီးလုံးကိုဖွင့်ပြီးဆိုတာ ကတော့ အတူတူပဲ။ ၁၉၈ဝ ပတ်ဝန်းကျင် ဟစ်ဟော့ပ် Culture အစမှာ MC ထက် DJ က အရင်ပေါ်တာ။ ပါတီတွေလုပ်တဲ့အခါ ကျရင် DJ က ဆရာ။ MC ဆိုတဲ့ ရက်ပါက မပေါ်သေးဘူး။ DJ ဖွင့်တဲ့အချိန် DJ က လက်နှစ်နဲ့ဖွင့်နေရတော့ သူကမအားဘူး။ ပရိသတ်မြူးအောင် လိုက်အော်ပေးတဲ့ ဘော်ဒါတစ်ယောက် ရှိတယ်။ သူက နောက်ပိုင်း မှာ MCဖြစ်လာတယ်။ အဲဒီလိုကာ ရန်တွေစပ်ရင်းနဲ့မှရက်ပါ ဆိုတာ ဖြစ်လာတာ။ ရက်ပါတွေအနေနဲ့က ဓာတ်ပြားနဲ့ဖွင့်တာတောင်မှ သူတို့အတွက် သီးသန့် တီးထားတဲ့တီး လုံးမဟုတ်တဲ့ Rap Beat တွေပေါ်မှာ Rap လုပ်ရတာ။ အဲဒီတော့ စီဒီနဲ့၊ ဓာတ်ပြားနဲ့ဆိုမှ ရက်ပါအစစ်။ ဥပမာ-ဂျေဇီးတို့ဆိုလိုက်ဖ်ရှိုးတချို့မှာ Band တွေ လူအယောက် ၂ဝ၊ ၃ဝ ခေါ် ပြီးတော့ တီးတယ်၊ ဆိုတယ်။ အဲဒီလို Band တွေနဲ့တီးပြီးဆိုတဲ့အခါကျတော့ သူတို့တီးလုံးတွေရဲ့တီးလုံးအသံတွေ အကုန်ထွက်မ လာဘူး။ ကွန်ပျူတာနဲ့ လုပ်ထားတဲ့အသံကို အပြည့်ဘယ်တော့မှ လိုက်တီးပေးနိုင်ဘူး။ အဲဒီလိုပွဲတွေ နားထောင်လိုက်တဲ့အခါ တီးလုံးသံတွေ ကနည်းနည်း ဟာ နေတတ်တယ်။ Band သံတော့ ပေါက်တာပေါ့။ ဒါပေမဲ့လိုချင်တဲ့တီးလုံးသံတစ်ပုံစံတည်း ဘယ်တော့မှထွက်မလာတော့ဘူး။ ရက်ပါတွေစီဒီနဲ့ဆို တယ်ဆိုပြီးပြောနေတဲ့သူတွေက ဗဟုသု တတွေ မရှိ လို့ပြောတာ။ ပြောပါစေပေါ့”
စောညီညီ – ” ကျွန်တော်တို့ အချိန်တုန်းက တော်တော်ခက်ခဲပါတယ်။ DJ စက်ကို မြင်ဖို့ တောင်မနည်းကြိုးစားခဲ့ရတာ။ အခုဆိုရင်မြန်မာနိုင်ငံက ပွင့်လင်းလာပြီဆိုတော့ DJရှိုးတွေ နောက်ပိုင်းကျရင်ဖြစ်လာတော့ မယ်လို့ကျွန်တော်မြင်တယ်။ အဲဒီအတွက်လည်း ဝမ်းသာပါတယ်။ များသောအားဖြင့် ဟစ်ဟော့ပ်သမားတွေ အကုန်လုံးက နည်း နည်းခေါင်းမာကြတယ်။ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ကြတာများတယ်။ Music Trend အနေနဲ့ က Old Skool လည်းရှိမယ်၊ New Skool လည်းရှိမယ်၊ Down South, East Coast, West Coast အစုံပေါ့နော်။ အဲဒီမှာ ကိုယ်ကြိုက် နှစ်သက်တဲ့ပုံစံကိုယ်လုပ်ကြတာပေါ့။ အမေရိကဆို ဟစ်ဟော့ပ်ကစတာဆိုတော့ အမေရိကအနေ နဲ့ ပြောမယ်ဆိုရင် ဟစ်ဟော့ပ်မှာ မြူးဇစ်အနေနဲ့ Band မရှိဘူး။ DJ တွေနဲ့ Break Beat တွေလုပ်ရင်းမှာ အဲဒီအပေါ်မှာ Rappingရွတ်ကြတယ်။ MCing လုပ် ကြတယ်။ အဲဒီလိုလုပ်ရင်းနဲ့မှ ဟစ်ဟော့ပ်မြူးဇစ်က တိုးတက်လာတာ။ တိုးတက်လာပြီးတော့ နောက်ပိုင်းမှာ Beat Producer တွေ ပေါ်လာကြတယ်။ Beat Producer တွေဆို ရင် လည်း မျိုး စုံပေါ့။ West Coast တီးတဲ့ Beat Producer တွေရှိမယ်။ Down South တီးတဲ့ Beat Producer ရှိမယ်။ အဲဒီလိုမျိုး ကိုယ်ကြိုက်တဲ့ပုံစံနဲ့သွားနေကြတာပဲ။ နည်းပညာပိုင်းဆိုရင်ဆော့ဖ်ဝဲတွေ သုံးပြီးတော့တီးတဲ့ Beat Producer တွေရှိလာတယ်။ instrumentတွေပေါ့။ Drum Mac-hine တွေလိုဟာ မျိုးတွေသုံးပြီးတော့ တီးတဲ့ Beat Producer တွေရှိလာတယ်။အဓိကကတော့ ဟစ်ဟော့ပ်က Beat ပေါ်မှာလည်း အများကြီးလိုသလို မြူးဇစ် အပေါ်မှာလည်း အများကြီးမူတည် ပါတယ်။ နှစ်ဦးနှ စ်ဖက် အပြန်အလှန်မှီခိုနေရတာပေါ့။ Beat Music နဲ့ MC နဲ့ပေါ့။ ဘယ်အရာပဲမဆို လေ့ကျင့်မှုက အရေးကြီးဆုံးပါပဲ။ လေ့ကျင့်မှု အမြဲတမ်း လုပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းရည်တွေ တက်လာမှာပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ဆို မြူးဇစ်နဲ့အဆက်အသွယ်ပြတ်နေတာ ၄၊ ၅၊ ၆နှစ်လောက်ဖြစ်သွားတော့ ရန်ကုန်ကို ကျွန်ေ တ်ာပြန်ရောက်လာတဲ့ အချိန်မှာ တအားအံ့သြသွားတယ်။ အခု Generation က လူငယ်တွေကတအားကို တော်ကြတယ်။ လေ့လာအားလည်း ကောင်းတယ်။ အခုနော က်ပိုင်းဆို လူငယ်တွေကကိုယ်ကိုယ်တိုင် တီးကြတယ်။ Graffiti Artist တွေပေါ်လာတယ်။ကိုယ်ပိုင်ဒီဇိုင်းတွေ နဲ့ဖက်ရှင်တွေကအစလုပ်လာကြ တယ်။ တော်ေ တ်ာကော င်းပါတယ်။
ချမ်းအေးဝင်း – ” ဟစ်ဟော့ပ် မြူးဇစ်ကတော့အရင်က နိုင်ငံခြားမှာ တိုင်တေဘယ်တွေနဲ့ စပြီးလုပ်ခဲ့တာပေါ့။ဓာတ်ပြား နှစ်ချပ်နဲ့ Mix လုပ်ပြီးတော့ Beat တွေကို ပိုမိုက်ေ အာင်လုပ်တယ်။ နောက်ပိုင်းစက်ပစ္စည်းတွေ လည်း ထပ်ပေါ်လာတယ်။ဒါပေမဲ့ ကျွန် တော်တို့နိုင်ငံမှာတော့ အခွင့် အရေးမရှိခဲ့ဘူးပေါ့။ ကွန်ပျူတာ တစ်လုံးနဲ့ပဲ လုပ်ခဲ့ရ တာ။ ကျွန် တော်တို့အတွက်တော့ စက်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိပေမယ့် စက်ကထွက် လာတဲ့အသံတွေကို ရအောင် ကွန်ပျူတာတစ်လုံးနဲ့ ဖန်တီးရတယ်။နောက် ပိုင်းတော့ တဖြည်းဖြည်းပစ္စည်းတင်တာပို့ တာ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ စက်တွေနဲ့ ပိုပြီးထိတွေ့ခွင့်ရ လာတယ်။သီချင်းတစ်ပုဒ်က ဘယ် ကပဲလာလာ ဒီသီချင်း ကိုစပြီး မြစ်ဖျားခံလာတဲ့ ခံစားချက်ကပဲ အရေးကြီးတယ်လို့ မြင်ပါတယ်။ Beat နဲ့ပဲတီးတီး၊ကွန်ပျူတာနဲ့ပဲတီးတီး ဘယ်မု(ဒ်)နဲ့ဘယ်လိုပရိသတ် ကို အကောင်း ဆုံးပေးထား လဲဆို တာကပဲအရေးကြီးတာပါ။ စက်ပစ္စည်းတွေရဲ့နောက်ကိုအမီလိုက် နိုင်ဖို့တော့ကြိုးစားရမှာပါ။ စက်တွေ ကြောင့်လူတွေရဲ့အနုပညာအရည် အသွေးကျ သွားနိုင် မလား ဆိုတာကတော့ နည်းနည်းလေးသဘာဝတော့ ကွဲပြားတယ်။ စက်ပစ္စည်းတွေနဲ့ အများကြီးလုပ်လို့ရလာတဲ့အတွက် အနည်းနဲ့အများဆို သလိုတော့ ကျွန်တော်တို့ရဲ့ လက်တွေ့တီးခတ်မှုအားတွေကျတယ်ဆိုတာတော့ ဝန်ခံတယ်။ ဒါပေမဲ့ ဒီတူရိယာတွေအကုန်လုံးရဲ့ သဘောသဘာဝတွေအားလုံး ကို သူ့နေရာနဲ့သူ အံဝင်မှု ရှိအောင် နေ ရာချတတ်ဖို့ ကြိုးစားရတယ်။ တူရိယာတစ်ခုတည်းပဲလိုက် နားထောင်ဖြစ်နေရင် ဒီတစ်ခုမှာ ကောင်းပေမယ့် တခြားနေရာ တွေမှာ လွတ်သွားတာ ရှိမယ်။ ကျွန်တော်က အကုန်လုံးကို လိုက်နားထောင်ပြီး ဘယ်သီချင်း၊ ဘယ်သီချင်းနဲ့ လိုက်ဖက်မယ့်နေရာတွေမှာ ကိုယ်တီးတဲ့ပုံစံပေါ်မူ တည်ပြီးကိုယ်လိုချင် တဲ့တူရိယာ အသံေ တွကို ထည့် သွင်းရဖို့ အတွက် တော့ ကြိုးစားရတယ်။ တစ်ဖက်မှာအားနည်းပေမယ့်တစ်ဖက်မှာ ကောင်းလာတာမျိုးတွေရှိပြီးတစ် ဖက်မှာကောင်းပေမယ့်တစ်ဖက် မှာအား နည်း တာတွေလည်းရှိတယ်”
ကျော်ထွဋ်ဆွေ – ” ဟစ်ဟော့ပ် ဂီတကကျတော့ ကွန်ပျူတာနဲ့တီးမှ အဆင်ပြေမှာကိုး။ ကိုယ်တကယ်စိတ်ကူးထားတဲ့အတိုင်း ကိုယ့်ဘာသာကိုယ်တီးပြီးတော့ ကိုယ့်ဘာ သာကိုယ်ဆိုတဲ့အခါ ကျတော့သူများကိုလည်း အကူအညီတောင်းစရာမလိုဘူး။ ဟစ်ဟော့ပ်ကို Band နဲ့တီးမယ်ဆိုရင် ထည့်လို့ရသမျှ အကုန်ထည့် နိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကွန်ပျူတာနဲ့ တီးတယ်ဆိုတာ တကယ်တီးရတဲ့အသံတွေကို Sample ယူပြီး ကွန်ပျူတာနဲ့ ပြန်စီတာဆိုတော့ Band နဲ့ တီးလည်း ဒီလိုပဲ။ နုတ်စ်တွေ ထုတ်ပြီးေ တာ့ ဆိုလို့ရပါတယ်။ နောက်ပြီးတော့ Band နဲ့တီးလို့ မရတဲ့အသံတွေကို ကွန်ပျူတာနဲ့ပြန် ပြီးတော့တီးလို့ရပါတယ်။ စီဒီနဲ့ဆိုတယ်ဆိုတာကလည်း တီးထားက တည်း ကို ကစီဒီနဲ့တီးထားတာ။အဲဒီတော့တကယ်တမ်းက Band ရော၊ စီဒီရောကိုကျွန်တော်တို့အကုန်လုံးကမိုက်နဲ့ချည်းပဲဆိုတာပါ” နိုင်းဝမ်း – ” နည်းပညာတွေ ထွန်းကားလာတော့ ကျွန်တော်တို့တွေ Flouity Loop လိုမျိုး Software တွေနဲ့ တီးတယ်။ ဒါပေမဲ့အခုနောက်ပိုင်းကြိုက် နေ တာက Band နဲ့ရော၊ နည်းပညာနဲ့ ပါပေါင်းစပ်ပြီးနှစ်မျိုးရောတီးတာ ပိုကြိုက်တယ်။ ဘာပဲပြောပြော အားနည်းချက်၊ အားသာချက်ကတော့ သူ့မု(ဒ်)နဲ့သူပေါ့။ Hip Hop Beat တွေ ကျတော့ တကယ့် Drum Kick နဲ့ကျရင် သီချင်းကအဆင်မပြေဘူး။ Bass တွေဘာတွေကကွာတယ်။ ကျွန်တော်တို့ မု(ဒ်)နဲ့က နည်းပညာနဲ့ ပိုပြီးကိုက်တယ်။ံ Hip Hop ဆိုပြီး တော့ အသံတွေ တကယ်ထည့် ဆိုတဲ့သူတွေလည်းရှိတယ်။ Music ချည်းပဲဖွင့်ပြီးတော့ ဒီအတိုင်းတကယ်ဆိုတဲ့သူလည်းရှိတယ်။ ဟစ်ဟော့ပ်မှမဟုတ်ဘူး။ တခြား Music လုပ်တဲ့သူတွေ ကျွန်တော်တို့ နယ်ရှိုးတွေလိုက်ဆိုရင် တွေ့နေရတာပဲ။ CD ဖွင့်ပြီးဆိုတာ။ ဘယ်ဂီတမှ မဟုတ်ဘူး။ CD ထဲမှာ အသံတည်းပြီး လုပ်တာက ဘယ်သူ မဆိုလုပ်လို့ရတယ်။ မလုပ်ချင်လည်းရတယ်။ ဒါတီးတာနဲ့ CD နဲ့ဖွင့်တာမဆိုင်ဘူး။ အဓိကအပေးမှာတက်ဆိုနေတဲ့ အဆိုတော်သည်အောက်က ပရိသတ် ကို ငါေ ဖျာ်ဖြေတာမှန်ရင် တကယ့်ကိုယ့်အသံနဲ့ကိုယ်ဆိုပေါ့။ ကိုယ့်လိပ်ပြာလုံဖို့အရေးကြီးဆုံးပါ။ အသံချည်းဖွင့်ပြီး ပရိသတ် ရှေ့မှာလာ ကပြနေတာချည်း က တော့ ကိုယ့် လိပ် ပြာကိုယ်မလုံဘူး။ အဓိကအဲဒါပါပဲ”
Ar.T – ” နည်းပညာ Technique နဲ့တီးတဲ့မြူးဇစ်က ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတဲ့အခါကျ တော့အပြစ်လည်းပြောလို့ မရသလိုနှစ်ခုစလုံးကမျှနေပါ တယ်။ ကွန်ပျူတာနဲ့ တီးတာနဲ့ Band နဲ့တီးတာက လုံးဝမုဒ်မတူဘူး။ ကျွန်တော်ရှေ့မှာတစ်ခွေလုပ် လိုက်သေးတယ်။ အဲဒီအခွေက မထွက်ဖြစ်လိုက်ဘူး။ တစ်ခွေလုံး ကို Lazy နဲ့တီးထားတာ။ ဆိုရတဲ့ပုံစံချင်းလည်း မတူဘူး။ အဲဒီမှာ သီချင်းကိုလည်း သတ်သတ်ပြောင်းပြီးတော့ ရွေးရတယ်။ ကိုယ်လုပ်နေတဲ့ပုံစံနဲ့ ခွဲထွက်အောင်ရေးရတယ် Bandနဲ့ကျ တော့ Band နဲ့လိုက်ဖက်အောင်အပြစ်အနာဆာမရှိအောင် အသံကို ငြိမ်နေအောင်ဆိုရတယ်။ ဒီဘက်က ကွန်ပျူတာနဲ့တီးတာကျတော့ကျွန်တော့်ပုံစံ အီလက် ထရိုဆိုတော့ မြူးဇစ် အသံမှာလူတွေရဲ့အသံက စက်သံပေးထားတဲ့ပုံစံ Effect တစ်ခါတည်း ပါအောင်ဆိုတတ်ရတယ်။ နှစ်ခုစလုံးက ခက်ပါတယ်။ နောက် တစ်ခုကအီ လက်ထရိုတွေ၊ ကွန်ပျူတာဖန်တီးတဲ့ သီချင်းတွေဆိုမယ်ဆိုရင်နောက်က Beat သံက တအားဆန်းတဲ့အခါကျတော့ သာမန်အသံတအားရိုးနေမယ် ဆို အဆင်မပြေဘူး။ နည်းပညာ နဲ့ပတ်သက်ပြီး တီးရတဲ့ဟာမျိုး ဆိုရင် အဲဒါအတွက်ပါ လေ့လာရတယ်။ ကိုယ်ဆိုဖို့အတွက် ဆိုရင် သုညကနေစပြီး လေ့လာရ ပါတယ်။ အားနည်းချက်၊ အားသာ ချက်တွေ မရှိဘူး။ ဘာပဲပြောပြောတအားလေ့လာရမှာပဲ။ သူ့ နေရာမှာ၊သူ့ပညာနဲ့၊သူ့ အဆင့်အတန်းနဲ့သူ ရှိပြီးသားပါပဲ”
ဗျူဟာ – ” ခေတ်တစ်ခုရဲ့ တိုးတက်မှုအရ နည်းပညာဆိုတာ ဖြစ်လာတာ။ အဲဒီ Beat တွေ အကုန်လုံးက ကျွန်တော်တို့လက်တွေနဲ့ပဲ တီးထားတာလေ။ ကျွန်တော်တို့ရဲ့ Arrangement တွေနဲ့ဆိုင်တာပေါ့။ နည်းပညာ မြင့်လာလေ၊ အနုပညာစွမ်းရည်ကျသွားလေတော့ မရှိပါဘူး။ အဲဒါက ဘာနဲ့ပဲဆိုင်လဲဆိုတော့ တချို့က သီချင်း Beat တွေကို တအားကောင်းအောင် လုပ်ပြီးတော့ လူတွေသိပ်အာရုံမစိုက်တဲ့ စာသားအကြောင်းအရာတွေကျတော့ သေလောက်အောင် မြူးဇစ်ကြွနေ ပါစေ။ အဲဒါက Club ထဲမှာပဲ က လို့ရမယ် လေ။ သီချင်းနားထောင်တဲ့သူ တွေအတွက် အကျိုးမရှိဘူး။ သီချင်းစာသား ကလည်း လူစိတ်ဝင်စားတဲ့ စာသားဖြစ်ရမယ်။ပြီးတော့ Rhyme တို့၊ Flow တို့၊ စာသားအသုံးအနှုန်းတို့ကလည်းရှိသေးတယ်။ အဲဒီတော့ ရက်ပါတစ်ယောက် မှမဟုတ်ဘူး။ဘယ်သူနား ထောင်၊ နားထောင် နားထောင်လို့ရမယ့် အနေ အထားမျိုးဖြစ်ရမယ်။ အဲဒီလိုမျိုးမှပဲ အဆင်ပြေမယ်။ နည်းပညာဆိုတာ အဲဒီမျိုး ပေါင်းစပ်ထားတဲ့ဟာလို့ပြောချင် တယ်။ ကျွန်တော်တို့ဖန်တီးတာ ကျွန်တော်တို့ နည်း ပညာနဲ့၊ ကျွန်တော်တို့ရဲ့ စတိုင်နဲ့ ကျွန်တော်တို့ဖန်တီးတယ်။ နည်းပညာတိုးတက်လာ တာပိုကောင်းပါတယ်။


လင်းအက္ခရာ၊ရဲရဲ၊မျိုးမောင်


ရိုးရာလေး

0 comments:

Post a Comment

 
Top