ဒီနေ့ခေတ် မှာတော့ iPhone အသုံးပြုသူ တော်တော်များများ ဟာ ဒေတာ တွေကို iCloud ကို အသုံးပြုပြီး Backup လုပ်လို့ရလာပါပြီ။ ဒေတာ တွေကို ပြန်လိုချင်ရင်ဖြစ်ဖြစ် ၊ iPhone အသစ်၀ယ်လိုက်လို့ပဲဖြစ်ဖြစ် iCloud မှာသိမ်းထားတဲ့ ဒေတာတွေကို iPhone ကို ပြန်ပြီး Restore လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကွန်နက်ရှင် မကောင်းတဲ့ သူတွေ အတွက် iCloud မှာ Backup လုပ်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ Windows PC က iTunes ကိုအသုံးပြုပြီး iPhone က ဒေတာတွေကို Backup & Restore လုပ်နိုင်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။


iCloud အသုံးပြုပြီး ဒေတာတွေ Backup လုပ်တဲ့သူတွေအတွက် Apps, App Data, Camera Roll Photos, Music, Media, Messages , Wallpaper တွေအားလုံးကို သိမ်းနိုင်ပါတယ်။ ဒါပေမယ့် iCloud ကို Free အနေနဲ့ အသုံးပြုရင် သင့်ရဲ့ iOS Device တွေအားလုံးအတွက် 5GB ပဲအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Storage Space သိပ်မကျန်တော့ရင် iCloud မှာသိမ်းမယ့် ဒေတာ အမျိုးအစားတွေကို ကန့်သတ်ရမှာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ Storage Space ကို ၀ယ်သုံးရမှာဖြစ်ပါတယ်။ iTunes ကိုအသုံးပြုမယ်ဆိုရင်တော့ သင့် ကိုယ်ပိုင် ကွန်ပြူတာမှာ ပဲ သင့် iPhone ကဒေတာတွေကို သိမ်းတာဖြစ်လို့ ပိုက်ဆံ ကုန်ကျစရာ မရှိပါဘူး။

iOS နဲ့ iTunes ကို နောက်ဆုံး Version ကို Update လုပ်ပါ။

iTunes ကို အသုံးပြုပြီး iPhone ကို Backup လုပ်တော့မယ်ဆိုရင် iOS , iTunes တို့ကို နောက်ဆုံး Version ကို အဆင့်မြှင့်ထားသင့်ပါတယ်။ အဲဒါမှ ဒေတာ တွေကို Sync လုပ်တဲ့ အခါနဲ့ Restore လုပ်တဲ့အခါတွေမှာ ပြဿနာတွေ နည်းပါးစေမှာပါ။ သင့် iPhone က Settings>General>Software Update မှာ နောက်ဆုံး iOS ရမလားဆိုတာ ကြည့်နိုင်ပါတယ်။ ကွန်ပြူတာ က iTunes မှာ Menu Bar က iTunes>Check for Updates ကနေတစ်ဆင့် Update လုပ်ပါ။

Note : iTunes က iOS Version အသစ် က သိမ်းထားတဲ့ ဒေတာတွေကို iOS Version အဟောင်း အသုံးပြုတဲ့ Device တွေကို Restore မလုပ်ပေးနိုင်ပါဘူး။ Restore လုပ်ချင်တဲ့ iPhone ကို နောက်ဆုံး iOS Version ကို အဆင့်မြှင့်တင်ပေးပါ။

 
iTunes မှာ Backup ပြုလုပ်ခြင်း

iPhone ကို USB ကြိုး ကနေတစ်ဆင့် ကွန်ပြူတာနဲ့ ဆက်သွယ်ပြီး iTunes 11 ကို ဖွင့်ပါ။ iTunes ရဲ့ Library View အောက်က Devices မှာ သင့် iPhone ကိုတွေ့နိုင်ပါတယ်။ မတွေ့ရင်တော့ iTunes ကို Restart လုပ်ပါ။ WiFi ကို အသုံးပြုပြီးလည်း iPhone ကို iTunes မှာ Backup လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ iPhone ကို USB ကြိုးမှတစ်ဆင့် ကွန်ပြူတာနဲ့ အရင် ဆက်သွယ်ထားရမှာပါ။ WiFi sync and backup ကို ပြုလုပ်ဖို့အတွက် Summary Tab ရဲ့ Options မှ Sync with this iPhone over Wi-Fi မှာ အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။

 
Summary မှာ သင့် iPhone ရဲ့ သတင်းအချက်အလက်တွေနဲ့ Backup လုပ်ဖို့ အပိုင်းကိုတွေ့ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ iPhone ကို Backup လုပ်ဖို့အတွက် iCloud ကို အသုံးပြုမှာဖြစ်ပါတယ်။ ကွန်ပြူတာ မှာ သိမ်းဖို့အတွက် This Computer ကို ရွေးပေးရမှာပါ။ Backup လုပ်ထားတဲ့ ဒေတာ တွေကို Encrypt လုပ်ထားနိုင်ပါတယ်။

 
Automatically Back Up to “This computer” ကိုရွေးချယ်ရင်တော့ iCloud Backup ကို အလိုလို Disable လုပ်မှာဖြစ်ပါတယ်။

ပြီးရင်တော့ Back Up Now ကို နှိပ်ပါ။ Camera Roll photos, voice memos, wallpapers, keychain မှ password, application settings, notes, paired bluetooth devices, in-app third-party purchases တွေအားလုံးကို သင့်ကွန်ပြူတာ မှာသိမ်းပေးမှာဖြစ်ပါတယ်။ သင့် iPhone ရဲ့အရေးကြီးတဲ့ ဒေတာတွေဖြစ်တဲ့ Contact , Email , Calendar စတာတွေကို iCloud မှာ လည်း Backup လုပ်သင့်ပါတယ်။ iTunes ကနေ Backup လုပ်ရင် Email တွေကို သိမ်းပေးမှာမဟုတ်လို့ဖြစ်ပါတယ်။ iTunes က ဘာတွေကို Backup လုပ်ပေးနိုင်လဲ၊ ဘာတွေကို Backup မလုပ်ပေးနိုင်ဘူးလဲ ဆိုတာ အောက်က လင့် ကနေ လေ့လာပါ။


iTunes မှာ သိမ်းထားတဲ့ ဒေတာ တွေကို iPhone ကို Restore ပြုလုပ်ခြင်း

ဒီလိုလုပ်ဖို့အတွက် iPhone ကို USB ကြိုးကနေတစ်ဆင့် ကွန်ပြူတာ နဲ့ ချိတ်ဆက်ပါ။ iTunes ကိုဖွင့်ပြီး View>Show Sidebar ကိုနှိပ်ပါ။ သင့်ရဲ့ iTunes ဟာ ၁၀.၇ နဲ့ သူ့အရင် ဗားရှင်းတွေဆိုရင် Device ပေါ်မှာ Right Click နှိပ်ပြီး Restore from Backup ကိုနှိပ်ပါ။

 
သင့် iPhone ဟာ iOS 7 ကို အင်စတောလုပ်ထားတာဆိုရင် Find My iPhone ကို ပိတ်ထားဖို့လိုပါတယ်။ Settings>iCloud>Find My iPhone ကိုသွားပြီး ပိတ်ပါ။ ပိတ်ဖို့အတွက် Apple ID လိုအပ်ပါတယ်။

Contacts, Calendars, Notes စတာတွေကို ပဲရွေးပြီး Restore လုပ်ချင်ရင် Restore Backup ကိုနှိပ်ပါ။ အဲဒီ က ဒေတာတွေ ဟာ iCloud မှာသိမ်းထားတာဖြစ်ပါတယ်။

 
Backup အမြဲပြုလုပ်ပါ

iPhone မှာ သင့် ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို သိမ်းထားတယ်ဆိုရင် အဲဒီ ဒေတာ တွေကို အမြဲ Backup လုပ်ထားသင့်ပါတယ်။ သင့် iPhone ကောင်းမွန်စွာ အလုပ်မလုပ်တော့ရင်လည်း Backup ကနေ Restore ပြန်လုပ်နိုင်ပါတယ်။


Ref-Myanmar iCT News

0 comments:

Post a Comment

 
Top