တရုတ်ပြည်က Wireless Carrier တွေဟာ 4G LTE ကို နောက်လထဲမှာ စတင် ၀န်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း သိရပါသည်။အလွန်လျှင်မြန်တဲ့ Wireless Network ကို ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ စတင်အသုံးပြုနိုင်မည်ဖြစ်တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောကြားကြောင်း ဇင်ဟွာ သတင်းတစ်ရပ် ကဖော်ပြပါတယ်။ အသုံးပြုသူ သန်း ၇၆၀ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး Wireless Carrier ဖြစ်တဲ့ China Mobile က Mobile Brand Partner အသစ် တစ်ခုနဲ့ ပူးပေါင်းပြီး အဆိုပါ ၀န်ဆောင်မှုကို စတင်ပြုလုပ်မှာဖြစ်ပါတယ်။ Mobile Brand Partner ကတော့ English လို All လို့ အဓိပ္ပါယ်ရပြီး Mandarin ဘာသာစကား အရ He ဖြစ်ပါတယ်။


China Mobile ရဲ့ Partner အသစ်ဟာ Apple ဖြစ်လာမယ်လို့လည်း ပြောဆိုနေကြပါတယ်။ အခုလောလောဆည်မှာတော့ iPhone နဲ့ တွဲဖက်လုပ်ဆောင်နေသော Mobile Carrier နှစ်ခုမှာ China Unicom နှင့် China Telecom တို့ ဖြစ်ပါတယ်။ ဒါပေမယ့် China Mobile နဲ့ ပူးပေါင်းမယ်ဆိုရင် Apple အတွက် ရောင်းအားတိုးတက်လာမှာဖြစ်ပါတယ်။

နှစ်ဖက် Company တွေက တရား၀င်ကြေညာခြင်းမရှိသေးပေမယ့် iPhone ကို China Mobile ကနေ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာရောင်းချမယ်လို့ ဇင်ဟွာ သတင်းကဖော်ပြထားပါတယ်။

China Mobile နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ အတွက် တရုတ်အစိုးရရဲ့ လိုင်စင် ကို Apple က သြဂုတ် လမှာ ရရှိခဲ့ပြီးပြီဖြစ်ပါတယ်။ China Mobile မှာ အများဆုံးအသုံးပြုတဲ့ TD-SCDMA နည်းပညာ ကိုကျွမ်းကျင်တဲ့ အင်ဂျင်နီယာ တွေကို Apple က အောက်တိုဘာလ တုန်းက အလုပ်ခေါ်ယူခဲ့ပါသေးတယ်။ ဒီအကြောင်းအချက်တွေကြောင့် China Mobile နဲ့ Apple တို့ ပူးပေါင်းဖို့ ဖြစ်နိုင်ခြေများနေပါတယ်။

Apple CEO Tim Cook က ဒီနှစ်အတွင်းမှာ တရုတ်ပြည်ကို နှစ်ကြိမ် လာရောက်ခဲ့ပြီး ဇူလိုင်လ မှာ China Mobile မှ တာ၀န်ရှိသူ Xi Guohua နဲ့ တွေ့ဆုံခဲ့ပါတယ်။ သြဂုတ်လမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Apple နဲ့ ဆွေးနွေးမှုများမှာ တိုးတက်မှုရှိပါတယ်လို့ Xi ကပြောခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး Mobile Carrier နဲ့ သာ Apple က ပူးပေါင်းနိုင်မယ်ဆိုရင် တရုတ်ပြည် ဖုန်းဈေးကွက်ကိုဦးဆောင်နေတဲ့ Samsung ကို အနိုင်ရနိုင်မှာဖြစ်ပါတယ်။ Samsung က တရုတ်ပြည်မှာ ပြီးခဲ့တဲ့ နှစ် စာရင်းအရ ဈေးကွက်ဝေစု (၁၇.၇) ရာခိုင်နှုန်းရရှိနေခဲ့ပြီး ဖုန်းအလုံးရေ သန်းသုံးဆယ် ရောင်းချခဲ့ရပါတယ်။ Lenovo ကတော့ နံပါတ်နှစ်နေရာမှာ ရောက်ရှိနေပြီး (၁၃) ရာခိုင်နှုန်း ဖြစ်ပါတယ်။ Apple က (၁၁) ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိခဲ့ပါတယ်။


By Thu Ya

Ref-Myanmar iCT News

0 comments:

Post a Comment

 
Top