အာကာသ ခရီးသွား ၀န်ဆောင်မှု Company ဖြစ်တဲ့ Virgin Galactic က နောက် ခရီးစဉ် အတွက် ၀န်ဆောင်ခ ကို Bitcoin ကို လက်ခံမည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

Bitcoin တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ် က ၁၀ ဒေါ်လာ အောက်သာ တန်ကြေးရှိနေရာ ကနေ ယခုအခါမှာတော့ ဒေါ်လာ ၉၀၀ တန်ကြေးရှိနေပြီဖြစ်ပါတယ်။ Virgin Galactic က Bitcoin တွေကိုလက်ခံတဲ့အဓိက အကြောင်းအရာကတော့ Bitcoin တွေကို ရင်းနှီးမြှပ်နှံချင်လို့ဖြစ်ပါတယ်။ အခုအချိန် ကစပြီး အာကာသ ကို ခရီးသွားမယ့် သူတွေဟာ Bitcoin ကိုအသုံးပြုလို့ရပြီ ဖြစ်ကြောင်းလည်း Virgin Galactic ကကြေညာပါတယ်။


“Virgin Galactic ဟာ အနာဂတ်မှာ အောင်မြင်လာမယ့် Company တစ်ခုဖြစ်သလို Bitcoin ကလည်း ထို့အတူပဲဖြစ်ပါတယ်။ အဲဒီအတွက် အာကာသ ကို ခရီး သွားမယ့် သူတွေ အတွက် Bitcoin တွေကို လက်ခံပေးတာဟာ သဘာ၀ ကျပါတယ်။” လို့ Virgin Website မှ ဆောင်းပါးတစ်ခုမှာရေးသားထားပါတယ်။

Hawaii က အာကာသ ခရီးသွားမယ့် သူတစ်ယောက်က Bitcoin ကို အသုံးပြုပြီး ငွေပေးသွင်းပြီး ဖြစ်ပြီး နောက်ထပ် အများကြီး လက်ခံရရှိမယ်လို့မျှော်လင့်ကြောင်း ရေးသားထားပါတယ်။ ဒါပေမယ့် Bitcoin ဘယ်လောက်ကုန်ကျမယ်ဆိုတာ ပြောကြားခြင်းမရှိပါဘူး။

Bitcoin ဆိုတာဘာလဲ?

Bitcoin အကြောင်းကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်ပြီး အင်တာနက်ကနေ လူတစ်ယောက်နဲ့ တစ်ယောက် (peer to peer) တိုက်ရိုက် ငွေလွှဲပို့ လက်ခံ လို့ရပါတယ်။ Paypal လို Payment Processor တွေမလို အပ်တဲ့အတွက် ငွေလွှဲ ခလည်းကုန်ကျခြင်းမရှိပါဘူး။ အင်တာနက်မှာ Bitcoin တွေ၀ယ်လို့ ရောင်းလို့ရတဲ့ နေရာတွေရှိပါတယ်။ Bitcoin တွေရှာလို့ရတဲ့ ၀က်ဆိုက်တွေလည်းရှိပါတယ်။ သင့်ကွန်ပြူတာ ကနေလည်း Bitcoin တွေထုတ်လုပ်နိုင်ပါသေးတယ်။ သင့် ကွန်ပြူတာက နေ ငွေရှာနိုင်တဲ့သဘောပါပဲ။ Bitcoin တွေ များများထုတ်နိုင်အောင် Hardware တွေကို Upgrade လုပ်နိုင်ပါတယ်။အဲဒီ လို Hardware တွေကို Bitcoin Miner လို့ခေါ်ပါတယ်။ အင်တာနက်မှာ Bitcoin တွေအသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေတော်တော်များများရှိပြီး WordPress , OK Cupid, Online Shopping တို့ မှာလည်း အသုံးပြုနိုင်ပါတယ်။

Bitcoin အသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေကို https://en.bitcoin.it/wiki/Trade မှာလေ့လာပါ။ Bitcoin ကနေ တကယ့်ငွေကိုလွှဲပြောင်းထုတ်ယူနိုင်မယ့် Bitcoin ATM စက်တွေကိုလည်း Canada နိုင်ငံ Vancouver မှာစတင်ပြီးတပ်ဆင်တော့မှာလည်းဖြစ်ပါတယ်။ Bitcoin အကြောင်းကို လေ့လာချင်ရင် www.bitcoin.org မှာလေ့လာပါ။

Bitcoin အနည်းငယ် ကို စုဆောင်းထားရာက နေ ငွေ တန်ဖိုးမြင့်တက်ပြီး ချမ်းသာသွားသူ တစ်ယောက်အကြောင်းကိုလည်း အောက်က လင့် က ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။


Thu Ya


 

0 comments:

Post a Comment

 
Top